close

မျက်ရည်ယိုဓာတ်ငွေ့သုံး

close

April 12, 2022

ဆန္ဒပြ တက္ကသိုလ်ကျောင်းသားများကို အင်ဒိုနီးရှားရဲတပ်ဖွဲ့ မျက်ရည်ယိုဓာတ်ငွေ့များဖြင့် ဖြိုခွဲ

အင်ဒိုနီးရှားနိုင်ငံမှာ စားသုံးဆီ စျေးနှုန်းမြင့်တက်တာနဲ့ သမ္မတ ဂျိုကိုဝီဒိုဒို ရာထူးသက်တမ်းတိုးဖို့ နှိုးဆော်တာကို ဆန့်ကျင်တဲ့အနေနဲ့ တက္ကသိုလ်ကျောင်းသား ရာချီ ဧပြီ ၁၁ ရက်က  ဆန္ဒပြခဲ့ကြပြီး ရဲတွေက မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ ရေအမြောက်တွေသုံး ဖြိုခွဲခဲ့ပါတယ်။

သမ္မတ ဂျိုကိုဝီဟာ အာဏာ ဆက်ကြာကြာရှိရေး မဟာမိတ်တွေ အကောင်အထည်ဖော်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး မြို့တော် ဂျကာတာက လွှတ်တော်အပြင်ဘက်မှာ ငြိမ်းချမ်းတဲ့ ချီတက်ပွဲပြုလုပ်ခဲ့ကြတာပါ။

၂၀၂၄ ရွေးကောက်ပွဲကို နောက်ဆုတ်တာ ဒါမှမဟုတ် အခြေခံဥပဒေကို ပြင်ဆင်တာ စတဲ့နည်းလမ်းတွေ နဲ့ ရာထူးသက်တမ်းကို တိုးဖို့ ပြင်ဆင်တာတွေ ပြုလုပ်နေတဲ့အပေါ် ကျောင်းသားတွေက ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့ တတိယမြောက် အကြီးဆုံးဒီမိုကရေစီနိုင်ငံဖြစ်ပြီး  ၁၉၉၈ ခုနှစ်  အာဏာရှင် သမ္မတဟောင်း ဆူဟာတို ဖြုတ်ချစဉ်ကလည်း တက္ကသိုလ်ကျောင်းသားတွေ  ရှေ့တန်းတပ်ဦးနေရာကနေ ပါဝင်ခဲ့ကြပါတယ်။

10 mins Ago

February 1, 2020

အီရတ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲကို ကျည်အစစ်နှင့်မျက်ရည်ယိုဓာတ်ငွေ့သုံး ဖြိုခွဲ

အီရတ်နိုင်ငံမှာ ဆက်ဖြစ်နေတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း ဇန်နဝါရီလ ၃၁ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကျည်အစစ်နဲ့ မျက်ရည်ယိုဓာတ်ငွေ့သုံးပြီး ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့ပါတယ်။ ဒီထိပ်တိုက်တွေ့မှုဟာ မြို့တော်ဘဂ္ဂဒက်ရဲ့ ခီလာနီခရိုင်မှာ ဖြစ်ခဲ့တာပါ။ ခီလာနီခရိုင်ဟာ ဆန္ဒပြသူ ထောင်ချီစခန်းချ နေထိုင်တဲ့ တဟီရန်ရင်ပြင်အနီးမှာ တည်ရှိပါတယ်။ ဒီဆန္ဒပြပွဲမှာ လူနှစ်ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရဆန္ဒပြသူတွေကို အနီးဝန်းကျင် ဆေးရုံတွေဆီ ပို့တဲ့ သုံးဘီးယာဉ် တစီးထက်မနည်းကိုလည်း  လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မီးရှို့ခဲ့ပါတယ်။ ဆန္ဒပြသူတွေက ရွေးကောက်ပွဲ ဥပဒေသစ်နဲ့ ကော်မတီသစ်ကို တောင်းဆိုတာတင် မဟုတ်ဘဲ အုပ်ချုပ်ရေးအဖွဲ့တခုလုံးကို အစားထိုးဖို့ တောင်းဆိုနေတာပါ။ ဒါ့အပြင် ပါတီနဲ့ ဆက်နွှယ်မှုမရှိတဲ့ ဝန်ကြီးချုပ်သစ် ခန့်အပ်မှုကို ဖယ်ရှားပေးဖို့လည်း သူတို့က တောင်းဆိုကြပါတယ်။ အောက်တိုဘာ ၁ ရက်နေ့က စခဲ့တဲ့ အီရတ် ဆန္ဒပြပွဲတွေကြောင့် နိုင်ငံတဝန်း သေဆုံးသူ ၄၅၀ လောက်ရှိသွားပြီလို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago
Up