close

မျိုးကွဲသစ်

close

June 4, 2021

သြစတြေးလျတွင် ကူးစက်မြန် ကိုဗစ်-၁၉ မျိုးကွဲသစ်တွေ့

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်က မြို့တော်မဲလ်ဘုန်းမှာ နောက်ဆုံးဖြစ်ပွား နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးမှာ ကူးစက်မြန် Delta COVID-19 ဗိုင်းရပ်စ်မျိုးကွဲ တစ်ခုကို ပထမဆုံးအကြိမ် စစ်ဆေးတွေ့ရှိရတယ်လို့ ဇွန် ၄ ရက်မှာ အာဏာပိုင်တွေက ပြောပါတယ်။ 

ဒီမျိုးကွဲဟာ အိန္ဒိယမှာ နာမည်ဆိုးထွက်နေပြီး ယူကေမှာ အတွေ့များနေတဲ့ ဗိုင်းရပ်စ်ဖြစ်ပါတယ်။ တကယ့်ကို စိုးရိမ်ပူပန်ရမယ့် ဗိုင်းရပ်စ်အမျိုးအစားပါလို့ ဗစ်တိုးရီးယားပြည်နယ် ကျန်းမာရေးအရာရှိချုပ် ဘရတ်ဆပ်တွန်က မဲလ်ဘုန်းမှာ သတင်းထောက်တွေကို ပြောပါတယ်။

ဒီအမျိုးအစားသစ်ဟာ သြစတြေးလျနိုင်ငံတစ်ဝန်း ဟိုတယ်ကွာရန်တင်းနဲ့ တခြား နေရာတွေက ကိုဗစ်-၁၉ ကူးစက်ခံရမှုတွေနဲ့ ဆက်စပ်မှု မရှိဘူးလို့လည်း  ဆိုပါတယ်။

ကင်ဘာရာမြို့တော်က သြစတြေးလျ၀န်ကြီးချုပ် စကော့တ်မော်ရစ်ဆွန်ကတော့ မဲလ်ဘုန်းမြို့မှာ ကွာရန်တင်းထားဖို့ အဆောက်အအုံသစ် တစ်ခု လုပ်ဆောင်ဖို့ ဗစ်တိုးရီးယား ပြည်နယ်အစိုးရနဲ့ သဘောတူတယ်လို့ ကြေညာခဲ့ပါတယ်။ 

နိုင်ငံအနှံ့အပြားမှာရှိတဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဝန်ထမ်းတွေလည်း မဖြစ်မနေ ကာကွယ်ဆေးထိုးကြတာကို မြင်ချင်တယ်လို့ ဆိုပါတယ်။ 

ဒေသအလိုက် စုံစမ်းရရှိမှုအရ ဒီနေ့မှာ အသစ်ကူးစက်ခံရမှု ၄ ခုရှိပြီး အစောပိုင်းကတော့ တရက်ကို ၃ ယောက် ကူးစက်ခံရနှုန်း ရှိပါတယ်။ 

12 hours Ago
Up