ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဗဟိုဌာနချုပ်၊ ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန၊ ခန်းမဆောင်မှာ မေ ၂၇ ရက်က သတင်းအချက်အလက်မျှဝေဖလှယ်တဲ့ တွေ့ဆုံပွဲတရပ်ကို ဗဟို၊ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန၊ ပညာပေးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေးဌာနခွဲက ကြီးမှူး ပြုလုပ်ခဲ့ပါတယ်။
အဆိုပါအစီအစဉ်ကို ကေအန်ယူ ဗဟိုခေါင်းဆောင်တွေနဲ့ လူငယ်တွေရဲ့အမြင်တွေ၊ လက်ရှိ နိုင်ငံရေးအခြေအနေတွေကို ဖလှယ်ပြီး ပြန်လည်သုံးသပ်ညှိနှိုင်းပြီး ပိုမိုကောင်းမွန်တဲ့ အခြေအနေတခု ထွက်ပေါ်လာစေဖို့ ရည်ရွယ်ပြုလုပ်ခဲ့တာပါ။
ကေအန်ယူ၊ ဗဟိုကော်မတီဝင်၊ ပဒိုစောသမိန်းထွန်းက “ရှေ့လျှောက်ရမယ့် ခရီးလမ်းကို အတတ်နိုင်ဆုံးမမှားအောင် သူတို့ကို အရင်တုန်းက အဖြစ်အပျက်တွေကို အကုန်လုံးရှင်းပြပြီးမှ ထပ်ခါထပ်ခါမမှားရအောင် ဘယ်လိုသွားရမလဲ။ တန်းတူမှုရှိတဲ့ အခွင့်အရေးရှိတဲ့ နိုင်ငံတခုဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားတတ်အောင်လို့” လို့ ပြောပါတယ်။
အဆိုပါ သတင်းအချက်အလက်မျှဝေဖလှယ်တဲ့ အစီအစဉ်ကို ကေအန်ယူ-ဗဟို ခေါင်းဆောင်တွေဖြစ်တဲ့ ပဒိုစောသမိန်ထွန်း၊ ပဒိုစောလှထွန်း၊ ပဒိုစောကလယ်စေးတို့က ကေအန်ယူ- ကရင်အမျိုးသားအစည်းအရုံးရဲ့ နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ စည်းရုံးရေးနဲ့ လက်ရှိနိုင်ငံရေးအခြေအနေ အရပ်ရပ်တွေကို ခြုံငုံသုံးသပ် ရှင်းပြခဲ့ပါတယ်။
အဆိုပါ အစီအစဉ်ကို ဗဟိုဌာနချုပ်ရဲ့ ဌာနတာဝန်ရှိသူတွေ၊ ဗဟိုစစ်ဦးစီးဌာနချုပ်ရဲ့ ခေါင်းဆောင်တွေ၊ ဘားအံခရိုင်၊ တပ်မဟာ (၇) ရဲ့ တာဝန်ရှိသူတွေ၊ ကရင်လူမှုရေး အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင် ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
လတ်တလော စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်တဲ့အပေါ် အမြင်သဘောထားတွေပေးတာ၊ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး ကေအန်ယူ-ကရင်အမျိုးသား အစည်းအရုံးရဲ့ တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ ပေါ်လစီ (Negotiation Policy) ကို ရှင်းပြခဲ့ပါတယ်။
ဆက်လက်ပြီး သတင်းအချက်အလက်တွေ အရေးကြီးကြောင်းနဲ့ သတင်းအချက်အလက် လုံခြုံရေးဆိုင်ရာ သတင်းအသိ၊ သတင်းသတိတွေကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်သူလူထုတွေထံ သက်ဆိုင်ရာဌာနတွေ၊ အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို သတင်းပြန်ကြားပေးနိုင်ရေးဆိုင်ရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဒါအပြင် မြန်မာနိုင်ငံရဲ့ ဖြစ်လာနိုင်ချေရှိတဲ့ နိုင်ငံရေးအခင်းအကျင်းတွေ၊ အလားအလာတွေကို သုံးသပ်ဆွေးနွေးတာ၊ အမြင်သဘောထားဝေငှတာတွေအပြင် စည်းရုံးရေးနဲ့ ပြန်ကြားရေးဌာန၊ ပညာပေးရေးနှင့် ဖွဲ့စည်းတည်ဆောက်ရေးဌာနခွဲရဲ့ ပုံမှန်ပြုလုပ်တဲ့ သတင်းအချက်အလက်တွေကို အသိပေးမျှဝေတာ နိုင်ငံရေးစကားဝိုင်း၊ လူငယ်စကားဝိုင်း၊ ကရင်စကားဝိုင်းအစီအစဉ်တွေကို ပြုလုပ်ဆောင်ရွက်နေပါတယ်။
ဧရာဝတီတိုင်းအစိုးရအဖွဲ့ရုံးမှာ စက်တင်ဘာလ ၂၈ ရက်နေ့က အစိုးရအဖွဲ့ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုဦးစီးမှူး ဦးမိုးကိုကိုလွင်ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ရုံးမှာ ဒုဦးစီးမှူး ဦးမိုးကိုကိုလွင် အလုပ်လုပ်နေချိန် စစ်တပ်က အင်အား ၁၀ ယောက်လောက်နဲ့ရောက်လာပြီး ဝင်ရောက်ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရုံးဝန်ထမ်းတဦးက ပြောပါတယ်။
"သီးသန့်ရောက်လာတာမျိုးတော့မဟူတ်ဘူး အစကတည်းက စစ်သားတွေက ရုံးထဲမှာရှိတယ်။ သူ့ကို ရုံးထဲမှာဖမ်းခေါ်သွားတာ အစက ဘာမှန်းမသိဘူး၊ ဦးစီးခေါ်တယ်ဆိုလို့ သွားတာ အဲ့မှာဖမ်းသွားတာ။”
အကြမ်းဖက်စစ်အုပ်စုက ဦးမိုးကိုကိုလွင်ကို စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် မကောင်းကြောင်းရေးသားထားတဲ့ ပိုစ့်ကို ကိုယ်ပိုင်အကောင့်မှာပြန်မျှဝေခဲ့မိတာကြောင့် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ကန်ကြီးထောင့်မြို့နယ်မှာလည်း စက်တင်ဘာလဆန်းပိုင်းက ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်သူကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့ပါသေးတယ်။