close

မြင်ကွင်း

close

July 19, 2022

၇၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မောင်တောမြို့မြင်ကွင်းများ (ဓာတ်ပုံ)

ဒီနေ့ကျရောက်တဲ့ ၇၅ နှစ်မြောက်အာဇာနည်နေ့မှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့က စျေးဆိုင်တွေမှာ မြန်မာနိုင်ငံအလံအား တဝက်ချ လွှင့်ထူးထားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောမြို့က မွတ်ဆလင်လူကြီးတဦးက "ဗိုလ်ချုပ်ဆုံးတာ အခုနှစ်ဆိုရင် ၇၅ နှစ်ရှိနေပါပြီ၊ မြန်မာနိုင်ငံကတော့ ဆင်းရဲသားပြည်သူတွေအတွက်ကတော့ ဘာမှပြောင်းလဲ့မူမရှိဘူး။ စစ်ခေါင်းဆောင်တွေ အသိုက်အဝန်းကသာ ချမ်းသာပြီးချမ်းသာနေကြတယ်။ ဒီလိုအဖြစ်တွေသာ ဗိုလ်ချုပ်သာမြင်တွေ့ရရင် တော်တော်လေးစိတ်ဆင်းရဲ့ရမှာပါ” လို့ ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း နဲ့ ကျဆုံးသွားကြတဲ့ အာဇာနည်ခေါင်းဆောင်တွေသာ အသက်ရှင်ရှိနေပါက မြန်မာနိုင်ငံက တိုင်းရင်းသားပြည်သူတွေအနေနဲ့ အခုလို အဖြစ်ဆိုးတွေ ကြုံတွေကြမှာမဟုတ်ဘူးလို့ မောင်တောမြို့ခံလူကြီးတဦးက ပြောပါတယ်။

"အခုလို မြန်မာပြည် စစ်မီးတောက်နေတာကို ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်းဆောင်တွေသာ မြင်ရရင် အလွန်ခံပြင်းမိမှာပါ။ မြန်မာစစ်မီးက ငြိမ်းရခက်နေတဲ့အနေအထားမှာရှိနေတယ်။ အဓိက က ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်းဆောင်တို့လို အဖြည့်ခံခေါင်းဆောင်တွေမရှိလို့ ပြည်သူတွေ ဆင်းရဲတွင်း နက်နေကြရတာ။”

နှစ်စဉ် ဇူလိုင် ၁၉ ရက်နေ့ ကျရောက်တဲ့ အာဇာနည်နေ့ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အဆင့် အောက်မေ့ဖွယ်အထိမ်းအမှတ်နေ့ တရက်ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့က ရန်ကုန်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ခေါင်းဆောင်ကြီး ၈ ဦးနဲ့ ကိုယ်ရံတော်တဦး လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးတဲ့နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ကြတာပါ။

12 hours Ago

April 15, 2022

ရန်ကုန်မြို့ သင်္ကြန်အကြတ်နေ့ မြင်ကွင်း (ဓာတ်ပုံ)

ရန်ကုန်မြို့မှာ ဧပြီ ၁၅ ရက် သင်္ကြန် အကြတ်နေ့မှာလည်း လုံခြုံရေးအထပ်ထပ်ကာရံထားတဲ့  မြို့တော်ခန်းမရှေ့နေရာကလွဲလို့ ကျန်တဲ့နေရာတွေမှာ ပြည်သူတွေ ရေကစားတာမရှိဘဲ တမြို့လုံးလိုလိုမှာ ခြောက်ကပ်နေပါတယ်။

သင်္ကြန်အကြိုနေ့က လူတချို့ကို အမှိုက်သိမ်းကားတွေပေါ်တင်ပြီး မြို့တော်ခန်းမကို အကြိမ်ကြိမ်ပတ်ပြီး ရေပက်ခံခိုင်းခဲ့ပေမဲ့ ဒီနေ့ အကြတ်နေ့မှာတော့ အိမ်စီးကားတွေနဲ့ တင်ပြီး ရဲတွေက လိုက်မောင်းကာ ပတ်နေတာ မြင်တွေ့ရပါတယ်။

ဒီနှစ်သင်္ကြမှာ လူငယ်လူရွယ်တွေနဲ့ ပြည်သူတွေအများစုက တော်လှန်သင်္ကြန်ဆင်နွှဲပြီး ရေပက်ခံထွက်ကြတာ၊ ရေကစားကြတာ မရှိပေမဲ့  ပျော်ပါးချင်သူတချို့ကတော့   ရပ်ကွက်တွေထဲ ရေပက်ကြတာ ရှိပါတယ်။

3 months Ago
Up