close

မြင်သာကျေးရွာ

close

November 17, 2021

သပိတ်ကျင်းမြို့နယ်တွင် CDM ကျောင်းဆရာ ၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊  မြင်သာကျေးရွာက အာဏာဖီဆန် CDM လုပ်ထားတဲ့ ကျောင်းဆရာတယောက်ကို စစ်ကောင်စီတပ်က   ဖမ်းဆီးသွားပြီး သတ်ပစ်လိုက်ပါတယ်။

ဆရာ ဦးဇော်မင်းအောင်နဲ့ ရွာသားတယောက်ကို ဒီနေ့ မနက် ၁၁ နာရီခွဲမှာ စစ်ကောင်စီတပ်သားတွေက နေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့တာပါ။

"PDF နဲ့ ပတ်သက်တယ်ဆိုပြီး လာဖမ်းတာ။ အိမ်တွေကိုလည်း မွှေတယ်။ ကြာညှပ်ရဲစခန်းကို ခေါ်သွားတယ်။ ညနေ ၅ နာရီမှာတော့ ဆရာအလောင်းက ကြာညှပ်ရင်ခွဲရုံကိုရောက်လာတယ်။ ခု မီးသင်္ဂြိုလ်နေပါတယ်" လို့ ဒေသခံတယောက်က ပြောပါတယ်။

ဒါ့အပြင်"အမေစု ကျန်းမာပါစေ"လို့ အော်ခိုင်းပြီး ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့သိရပါတယ်။

အသက် ၄၀ ဝန်းကျင်အရွယ် ဆရာဦးဇော်မင်းအောင်ဟာ ရွှေစကာကျေးရွာ (အထက)ခွဲက ကျောင်းဆရာတယောက်ဖြစ်ပြီး သူနဲ့အတူဖမ်းခံရတဲ့ ကိုမိုးကျော်ဟာလည်း ရိုက်နှက်ခံထားရလို့ နားထဲ သွေးထွက်နေတယ်လို့ သိရပါတယ်။

7 hours Ago
Up