close

မြင်သာ

close

November 19, 2021

မြင်သာ ကညနရုံးတွင်ဗုံးကွဲ

ရန်ကုန်တိုင်း ၊ သင်္ဃန်းကျွန်းမြို့နယ်၊ မြင်သာ ကညနရုံးမှာ နိုဝင်ဘာ ၁၉ ရက် ဒီနေ့လယ် ၁ နာရီလောက်က ဗုံးပေါက်ကွဲပြီး လိုင်စင်ဝင်ဖို့ရောက်ရှိနေသူတချို့ ပိတ်မိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက  ဗုံးတစ်လုံးအသံကျယ်ကျယ်ပေါက်ကွဲခဲ့တာဖြစ်ပြီး  မကြာခင်မှာပဲ ရဲနဲ့ စစ်ကားတွေ ရောက်ရှိလာတယ်လို့ သိရပါတယ်။

"အသံကျယ်တယ်။ တော်တော် ပြင်းပုံရတယ်။ ဗုံးပေါက်တဲ့နေရာနဲ့ တစ်မှတ်တိုင်အကွာမှာမီ မီးတန်းနဲ့ ရဲကားတစ်စီးရှိတယ်။ ဗုံးပေါက်တော့ ၁၅ မိနစ်လောက်မှာ စစ်ကားတွေရောက်တယ်"လို့ အဲဒီရုံးအနီးနေထိုင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ပေါက်ကွဲမှုကြောင့် လူတွေထိခိုက်ဒဏ်ရာရမှု ရှိမရှိ မသိရသေးပါဘူး။ စစ်တပ်နဲ့ ရဲတွေက  အဲဒီရုံးထဲရောက်ရှိနေသူတွေကို စစ်ဆေး မေးမြန်း နေတယ်လို့ သိရပါတယ်။

ဗုံးပေါက်ပြီးနောက် ကညနရုံးအတွင်းပိတ်မိနေသူတွေရှိပေမယ့် အရေအတွက်ဘယ်လောက် ရှိတယ်တော့မသိရသေးပါဘူး။ မြင်သာကညနရုံးမှာ အရင်ကလည်း ဗုံးနှစ်ကြိမ်ထက်မနည်း ပေါက်ကွဲခဲ့ပါသေးတယ်။

1 min Ago
Up