close

မြစ်ကမ်းပါးပြိုကျမှု

close

July 22, 2022

ဧရာဝတီတိုင်း၌ ၁ လအတွင်း မြစ်ကမ်းပါး ပြိုကျမှုကြောင့် နေအိမ် ၅၀ ကျော်ရွှေ့ပြောင်းခဲ့ရ

မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီတိုင်းမှာ မြစ်ကမ်းပါးပြိုကျမှုကြောင့် ဇူလိုင်လအတွင်း နေအိမ် အလုံး ၅၀ ကျော် အရေးပေါ်ရွှေ့ပြောင်းခဲ့ရတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနက သိရပါတယ်။

ဧရာဝတီတိုင်းမှာ ဇူလိုင် ၂၀ ရက်နေ့ထိ မြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့်နေအိမ် အလုံး ၅၀ ကျော် အရေးပေါ်ရွှေ့ပြောင်းခဲ့ရပြီး ရွှေ့ပြောင်းခဲ့ရတဲ့ အိမ်ကပြည်သူတွေကို ကျေးရွာဘုန်းကြီးကျောင်းတွေနဲ့ ဆွေမျိုး တွေရဲ့နေအိမ်တွေမှာ ယာယီနေရာချထားပေးတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနက ဝန်ထမ်းတဦးက ပြောပါတယ်။

“ဒီလက အဖြစ်များတယ်။ အားလုံး ပန်းတနော်မှာဆို အလုံး ၃၀ ကျော်လောက်ရှိပြီး တခြားနေရာတွေမှာလည်း ဖြစ်တယ်။ ဌာနအနေနဲ့ကတော့ ၁ ပတ်စာ စားနပ်ရိက္ခာ အရင်ထောက်ပံ့ပေးထားတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ရက်ပေါင်း ၂၀ အတွင်း မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ခဲ့ရတဲ့ နေအိမ်အလုံး ၅၀ ကျော်ဟာ ပန်းတနော်၊ ညောင်တုန်းနဲ့ မြန်အောင်မြို့နယ်တွေက ဖြစ်တယ်လို့ ဆိုပါတယ်။

ပန်းတနော်မြို့ခံပြည်သူတဦးက “နှစ်တိုင်းကမ်းပြိုတာတော့ ရှိတယ် တခြားရွာတွေမှာ။ ခုမှ ကျမမရွာမှာ စပြိုတာ။ အိမ်က ကြိုဖျက်ပြီး ပြောင်းရတာပါ၊ ပြောင်းပြီးတော့ အမျိုးတွေအိမ်မှာ ကပ်နေရတာပေါ့၊ တချို့ကတော့ ဘုန်းကြီးကျောင်းမှာနေရတာရှိတယ်။ ထောက်ပံ့တာဆိုလို့ ၁ ပတ်စာ ရိက္ခာအတွက်ဆိုပြီး ၅ သောင်းကျော်ပဲ ရဖူးသေးတယ်၊ ထွေအုပ်ကလာပေးသွားတာ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းဟာ မြစ်ဝကျွန်းပေါ်ဒေသဖြစ်တာကြောင့် နှစ်စဉ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၅၀၀ ကျော် ရွှေ့ပြောင်းရလေ့ရှိပြီး မိုးရာသီမှာ အဖြစ်များလေ့ရှိတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

2 mins Ago

September 2, 2021

မြစ်ကမ်းပါးပြိုကျမှုကြောင့် မင်းဘူးမြို့နယ် ကျောင်းကုန်းရွာက နေအိမ်အချို့ပြောင်းရွှေ့

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်၊ ကျောင်းကုန်းကျေးရွာမှာ ဩဂုတ်လ ၃၁ ရက်နေ့က ဧရာဝတီမြစ်ရေ ထပ်မံမြင့်တက်လာမှုကြောင့် ရေတိုက်စားပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ် ၇ လုံး ဘေးလွတ်ရာကို ကြိုတင်ပြောင်းရွှေ့ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံပြည်သူတဦးက “အခုတော့ ကိုယ့်စားရိတ်နဲ့ကိုယ်ရွှေ့ပြောင်းနေရတယ်။ ငွေရေးကြေးရေး ကြပ်တည်းတဲ့အချိန်ဆိုတော့ လူငှါးပြီးလုပ်ရတာပေါ့။ မလုပ်ရင်လည်း ဆုံးရှုံးမှုကများမှာလေ။ အစိုးရအထောက်အပံ့မရပါဘူး” လို့ ပြောပါတယ်။

မြစ်ကမ်းပါးပြိုကျမှုကြောင့် ဩဂုတ် ၃ ရက်နေ့မှ ၃၁ ရက်နေ့ ညနေပိုင်းအချိန်အထိ အိမ်ထောင်စုပေါင်း ၃၀ က လူဦးရေ ၁၁၅ ဦးနဲ့ ကျွဲနွားတိရစ္ဆာန်တွေ ဘေးလွတ်ရာကို ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း မှတ်တမ်းတွေအရ သိရပါတယ်။

11 months Ago
Up