close

မြစ်ကြီးနားခရိုင်

close

July 25, 2021

မြစ်ကြီးနားခရိုင်အတွင်း KTV၊ လောင်းကစားရုံအပါအဝင် ဆိုင်မျိုးစုံယာယီပိတ်ရန် KIO ညွှန်ကြား

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုနှုန်း တိုးလာတာကြောင့် မြစ်ကြီးနားခရိုင်အတွင်း လူစုလူဝေး ပြုလုပ်တဲ့အစီအစဉ်တွေ၊ လောင်းကစားရုံတွေ၊ စားသောက်ဆိုင်တွေအပါအဝင် ဆိုင်မျိုးစုံ ယာယီပိတ်ထားဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

မြစ်ကြီးနား ခရိုင်အတွင်း မြို့၊ ရွာတွေမှာ လူစုလူဝေးပြုလုပ်တဲ့အစီအစဉ်၊ လူစုလူဝေးပြုလုပ်နေတဲ့ စီးပွားရေးလုပ်ငန်း‌တွေ KTV၊ BAR၊ FUSAL CLUB၊ GYM၊ လောင်းကစားရုံ၊ စားသောက်ဆိုင်နဲ့ အခြားဆိုင်မျိုးစုံကို ကိုဗစ်-၁၉ ရောဂါ ပပျောက်ကင်းစင်လာတဲ့ အချိန်ထိ ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားဖို့ ကေအိုင်အိုက ညွှန်ကြားလိုက်တာပါ။

ညွှန်ကြားချက် မလိုက်နာပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံး အဆင့်ဆင့်က‌နေ ထိရောက်စွာ အရေးယူပိတ်ပင်မှုတွေ ပြုလုပ်သွားမယ်လို့ အသိပေးထားပါတယ်။

မြန်ကြီးနား ခရိုင်အတွင်းမှာ ဇူလိုင် ၂၃ ရက်နေ့ တစ်နေ့တည်မှာပင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၁၄၀ ကျော် ရှိခဲ့ပါတယ်။‌

6 mins Ago

October 17, 2020

မြစ်ကြီးနားခရိုင်တွင် မဲပေးခွင့်ရှိသူ ထက်ဝက်ခန့်သာ မဲစာရင်းကြည့်ရှု

မြစ်ကြီးနားခရိုင်အတွင်းက မြို့တွေမှာ အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ဒုတိယအကြိမ် မဲစာရင်းကပ်ထားခဲ့ပြီး အဲဒီမဲစာရင်းထဲက မဲပေးခွင့်ရှိသူရဲ့ ထက်ဝက်လောက်သာ လာရောက်ကြည့်ရှုခဲ့တယ်လို့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အရာရှိက ပြောပါတယ်။ “ပထမအကြိမ်မှာ ပါတဲ့သူတွေက ဒုတိယအကြိမ်မှာ ဘယ်သူမှ လာမကြည့်ဘူး။ ပထမအခေါက်က ကြည့်ထားတာဖြစ်တဲ့အတွက်ကြောင့် လာမကြည့်တာရယ်၊ ကိုဗစ်စည်းကမ်းကို လိုက်နာကြလို့လည်း ဖြစ်နိုင်သလို အွန်လိုင်းကလည်း ကြည့်လို့ရတဲ့ဟာလည်းရှိတယ်။ တချို့ကလည်း ပါရင်ပေးမယ် မပါရင် မပေးဘူးပေါ့၊ အဲ့ဒီအချက် ၄ ချက်ကြောင့် မဲစာရင်းလာကြည့်တဲ့သူ နည်းသွားတာဖြစ်နိုင်ပါတယ်” လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးကျော်စိုးအောင်က ပြောပါတယ်။ မြစ်ကြီးနားခရိုင်အတွင်းက မြို့နယ် ၅ ခုမှာ မဲဆန္ဒရှင် ၃ သိန်း ၆ သောင်းကျော်ရှိပြီး ဒုတိယအကြိမ် မဲစာရင်းလာကြည့်သူကတော့ ၁ သိန်း ၁ သောင်းကျော်သာရှိတယ်လို့ သိရပါတယ်။  မြစ်ကြီးနားခရိုင်အတွင်း လာမယ့်ရွေးကောက်ပွဲမှာ ပါတီပေါင်း ၁၅ ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့  တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၄ ယောက် စုစုပေါင်း ၁၅၈ ယောက်ဝင်ရောက် ယှဉ်ပြိုင်ကြမှာလည်း ဖြစ်ပါတယ်။
9 months Ago
Up