close

မြစ်ငယ် မီးရထားစက်ရုံ

close

December 4, 2021

မြစ်ငယ် မီးရထားစက်ရုံရှေ့ လက်လုပ်မိုင်းကွဲ၊ ဝန်ထမ်း ၁ ဦး ဒဏ်ရာရ

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့မအုပ်စု အောင်သပြေရပ်ကွက်ရှိ မီးရထားလူစီးတွဲနဲ့ ကုန်တွဲစက်ရုံရှေ့မှာ ဒီဇင်ဘာ ၄ ရက် ဒီနေ့မနက် ၆ နာရီကျော်လော်ကက လက်လုပ်မိုင်းပေါက်ကွဲခဲ့ပါတယ်။

လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် လုံခြုံရေးတာဝန်ကျတဲ့ မီးရထားဝန်ထမ်း ဦးဌေးမောင်  ညာလက်မောင်း ထိခိုက်ဒဏ်ရာရခဲ့ပြီး  မစိုးရိမ်ရဘူးလို့ သိရပါတယ်။

ဒါ့အပြင် ပေါက်ကွဲမှုကြောင့် ခြံစည်းရိုးသံတန်းပြတ်တောက်သွားတာနဲ့ တာဝန်မှူးရုံးခန်းပြတင်း‌ပေါက်မှန်အနည်းငယ်ပျက်စီးတာ ရှိခဲ့တယ်လို့  CDM မီးရထား ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဒီနေ့မနက် ၇ နာရီလောက်ကလည်း အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ စစ်ကိုင်း - မန္တလေး ကားလမ်း အနောက်ဘက်ရှိ ငယ်တိုးဈေးရုံးခန်းအနီး ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက် ပျက်စီးတာမရှိဘူးလို့ သိရပါတယ်။

1 min Ago
Up