close

မြစ်ငယ် မြို့မရပ်ကွက်

close

July 14, 2021

မြစ်ငယ် မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရသဖြင့် သေဆုံး၊ ၃ ဦး ဒဏ်ရာရ

မန္တလေးမြို့ အမရပူရမြို့နယ် မြစ်ငယ်၊ မြို့မအုပ်စု၊ အောင်ချမ်းသာရပ်ကွက်မှာ ဇူလိုင် ၁၄ ရက် မနက် ၇ နာရီ ၄၀ လောက်က မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

အောင်ချမ်းသာရပ်ကွက် စျေးမြောက်ဘက်အဝင်မှာ Mask နဲ့ ဟန်းဂျယ်ဝေနေတဲ့ မြို့မ အုပ်ချုပ်‌ရေးမှူး ဒေါ်သက်သက်ချိုတို့အဖွဲ့ကို အမည်မသိ လူ ၂ ဦးက ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

သေနတ်နဲ့ ၈ ချက်လောက် ပစ်ခတ်ခဲ့ပြီး အုပ်ချုပ်‌ရေးမှူး ဒေါ်သက်သက်ချိုမှာ ဦးခေါင်းနောက်စေ့ ကျည်မှန်ကာ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တာလို့ အနီးပတ်ဝန်းကျင်က စုံစမ်းသိရပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးအဖွဲ့မှာ ပါဝင်သူ ၃ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့အတွက် လူမှုကူညီရေးအသင်းကားနဲ့ မန္တလေးဆေးရုံကြီးမှာ တင်ပို့ထားပါတယ်။

5 mins Ago
Up