close

မြစ်ထဲပြုတ်ကျ

close

February 25, 2022

မြစ်ထဲပြုတ်ကျသွားသည့် ထိုင်းသရုပ်ဆောင်မင်းသမီး တိုင်မို ကို ရှာမတွေ့သေး

ထိုင်းနိုင်ငံ အနုပညာလောကမှ သရုပ်ဆောင်မင်းသမီး တိုင်မိနိဒါး (ခ) နိဒါး ဖတ်ချရဝိရဖုန်းဟာ ဖေဖော်ဝါရီ ၂၄ ရက် မနေ့ညက ဘန်ကောက်အနီး နွန်ထပူရီနယ်မြေရှိ ကျောက်ဖရားမြစ်ထဲမှာ စပိဘုတ်စက်လှေစီးရင်း ပြုတ်ကျသွားကာ ပျောက်ဆုံးနေပါတယ်။ 

သူအပါအဝင် အမျိုးသား ၃ ဦး အမျိုးသမီး ၃ ဦးပါဝင်တဲ့ သူငယ်ချင်းတွေဟာ မနေ့ညက မြစ်ထဲ စပိဘုတ်စီးနေစဉ် ည ၁၁ နာရီလောက်မှာတော့ လှေအမြီးပိုင်းမှာ ထိုင်လာတဲ့ တိုင်မိုကိုမတွေ့တော့လို့ ကယ်ဆယ်ရေးအဖွဲ့တွေထံ အကြောင်းကြားခဲ့တယ်လို့ အတူပါသွားသူတစ်ဦးက ပြောပါတယ်။ 

အခင်းဖြစ်စဉ် ဖရလာမ်း ၇ တံတား ကမ်းစပ်အနီးရှိနေတဲ့ မျက်မြင်သက်သေ တယောက်ကလည်း မြစ်ထဲကနေ အကူအညီတောင်းနေတဲ့အမျိုးသမီး တယောက်ကိုတွေ့ရပြီး ခဏချင်းမှာဘဲ ရေထဲပျောက်သွားတယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေရေးလုပ်ငန်းတွေကို ညသန်းခေါင်လောက်က စတင်ပြီး ရေစီး သန်ရင် နားလိုက် ၊ နောက်တဖွဲ့က ရှာလိုက်လုပ်ခဲ့ပေမဲ့ မနက်အထိ ရှာ မတွေ့သေးပါဘူး။ 

ဒီကနေ့လည်း ကယ်ဆယ်ရေးအဖွဲ့အပြင် ထိုင်းရေတပ်၊ ရေငုပ်ကျွမ်းကျင်သူတွေပါ  သူ့ကို ဆက်ရှာနေပေမယ့် ထိုင်းစံတော်ချိန် မွန်းလွဲ  ၁၂ နာရီ မိနစ် ၄၀ ထိ ရှာလို့မတွေ့သေးပါဘူး။ 

အသက် ၃၇ ရွယ် ရုပ်ရှင်သရုပ်ဆောင် တိုင်မိုနိဒါးဟာ ၂၀၀၄ ခုနှစ်ကတည်းက အနုပညာလောကမှာ စတင်ဝင်ရောက်ပြီး ဒီနေ့ထိ ရုပ်ရှင်ကားပေါင်း ၁၀ ကျော်မှာ ပါဝင်ရိုက်ကူးခဲ့သလို ချန်နယ်လ် ၇ ထိုင်းတီဗွီ ရုပ်သံဇာတ်လမ်းတွဲတွေအတွက် ပင်တိုင်သ ရုပ်ဆောင်နေပြီး အခမ်းအနားအစီအစဉ်ကြေညာသူနဲ့ တေးသံရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ 

1 min Ago
Up