close

မြစ်ဖျားကျေးရွာ

close

April 9, 2022

ပခုက္ကူ မြစ်ဖျားကျေးရွာတွင် စစ်တပ်က ရွာသား ၄ ဦးကိုပစ်သတ်ပြီး ရွာကို မီးရှို့

မကွေးတိုင်း၊  ပခုက္ကူမြို့နယ်၊  မြစ်ဖျားကျေးရွာမှာ ဧပြီ ၈ ရက် နေ့လယ်က  စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ လောက်ဝင်ရောက်လာပြီး  ဒေသခံရွာသား ၄ ယောက်ကို  ပစ်သတ်ကာ နေအိမ် ၈၀ ကျော်လောက်ကို  မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံရွာသား တဦးက "နေ့လယ် သုံးနာရီလောက် စစ်တပ်က သေနတ်ဖောက်ရွာထဲဝင် လာပြီး အိမ်တွေကိုမီးရှို့သွားတယ်။ မီးလောင်တာကတော့ အားလုံး အလုံး ၈၀ ကျော်တယ်။ အသက် ၁၃ နှစ်သားလေးတစ်ဦး အပစ်ခံရတယ် ဒဏ်ရာရတယ်။ နောက်ပြီး ကျေးရွာသားလေးဦးကို သေနတ်နဲ့ပစ်သတ်သွားတယ်"လို့ ပြောပါတယ်။

မြစ်ဖျားကျေးရွာဟာ အိမ်ခြေ ၄၀၀ ကျော်ရှိပြီး စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့တဲ့အတွက် ကျေးရွာပြည်သူလူထုဟာ  ဘေးလွတ်ရာရှောင်တိမ်းနေရပြီး စစ်ကောင်စီတပ် ပြန်သွားမှသာ ကျေးရွာထဲ ပြန်လည်ဝင်ရောက်နေထိုင်နေ ကြပါတယ်။

အခုလို လူသတ်ပြီး ရွာကို မီးရှို့သွားတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။ 

2 hours Ago
Up