မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ မြစ်သာမြစ်ကမ်းမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးပြီး မျောပါလာတဲ့ အလောင်း တလောင်းကို အောက်တိုဘာ ၁၄ ရက်က တွေ့ခဲ့တယ်လို့ လာပို့ဒေသခံတွေက ပြောပါတယ်။
သေဆုံးသွားသူဟာ အသက် ၁၉ နှစ်အရွယ် မောင်အော်ကျော်ဖြစ်ပြီး အောက်တိုဘာ ၇ ရက်က ဂန့်ဂေါမြို့မြောက်ဘက် မြို့ဝင်ဂိတ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးကာ ဂန့်ဂေါမြို့ အခြေစိုက်ခလရ ၅၀ ထဲကို ခေါ်ဆောင်သွားတယ်လို့ ယောသတင်းမှန်ပြန်ကြားရေးက ပြောပါတယ်။
ဒေသခံတဦးက "အလောင်းက မျက်နှာအဝတ်စည်းလျက် သေနတ်ဒဏ်ရာ ၁၇ ချက်နဲ့ သေဆုံးပြီး ရေထဲ ပစ်ထားရာကာ မျောပါလာတာ" လို့ ပြောပါတယ်။
လတ်တလော ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေ နဲ့ ဂန့်ဂေါပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲ မကြာခဏဖြစ်ပွားနေပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက်ကာ သတင်းအမှောင်ချထားတာဟာ ၁ နှစ်ကျော်ကြာမြင့်နေပါပြီ။