close

မြစ်သားမြို့နယ်

close

November 13, 2021

မြစ်သားမြို့နယ်က လောင်းကစားဝိုင်းကို ဗုံးဖောက်ခွဲ သတိပေး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်  မြစ်သားမြို့နယ်မှာ  နာမည်ကြီးနေတဲ့  လောင်းကစားဝိုင်းကို နိုဝင်ဘာ ၁၂ ရက်နေ့မနက်က ဗုံးပစ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “မင်းဝံနဲ့ ညောင်ဝန်းရွာကြားက  နာမည်ကြီးနေတဲ့ လောင်းကစားဝိုင်း ဗုံးပစ်ခံရတာပါ။ လူထိခိုက်မှုတော့ မရှိပါဘူး” လို့ ပြောပါတယ်။

ဘုရားပွဲကို အကြောင်းပြပြီး မင်းဝံကျေးရွာနဲ့ ညောင်ဝန်းကျေးရွာကြားမှာ လောင်းကစားဝိုင်းအကြီးအကျယ် ပြုလုပ်နေတဲ့  အဖွဲ့ကို သတိပေးတဲ့အနေနဲ့  ဗုံးဖောက်ခွဲခဲ့တာဖြစ်ပြီး ဆက်လက်လောင်းကစားဝိုင်းပြုလုပ်နေပါက ထိထိရောက်ရောက် လုပ်ဆောင်သွားမယ်လို့ ကျောက်ဆည် နဂါးနီ ပြောက်ကျား တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မင်းဝံရွာက   ဇော်မင်းထိုက်နဲ့ ရဲဆွေတို့ဟာ ဘုရားပွဲ အကြောင်းပြပြီး လောင်းကစားပွဲတွေ အကြီးအကျယ် ပြုလုပ်နေသလို စစ်တပ်သတင်းပေး ဒလန်များလည်း ဖြစ်ကြောင်း၊ အခုလို  သတိပေးဖောက်ခွဲမှုမှာ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ဖြစ်ပြီး ဖောက်ခွဲမှုကို ကျောက်ဆည်မြေပြင်တိုက်ခိုက်ရေးအဖွဲ့များဖြစ်တဲ့  ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့ နဲ့ Dragon Kyaukes Defense Force - DKDF တို့က ပူးပေါင်းလုပ်ဆောင်တာလို့ ဆိုပါတယ်။

4 mins Ago

October 6, 2021

မြစ်သားမြို့နယ်တွင် လူစီးမီးရထားတွဲ မိုင်းခွဲခံရ

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်မှာ အောက်တိုဘာ ၅ ရက် ညနေ ၆ နာရီလောက်က ကူမဲဘူတာနဲ့ မြစ်သားဘူတာကြား ရထားလမ်းတံတားအမှတ် ၆၉၁ စမ္မာတံတား အနီး လူစီးမီးရထား တတိယတွဲမြောက်တွဲမှာ မိုင်းခွဲခံရပေမဲ့ ထိခိုက်မှုမရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရထားတတိယတွဲ လူစီးရထားတွဲအောက်က အုန်းခနဲ ကြားရတယ်။ ရထားကြီးတော့ လှုပ်ယမ်းသွားတယ်။ ဘာမှတော့ ဖြစ်မသွားဘူး။ ထိခိုက်ဒဏ်ရာရသူလည်း မရှိပါဘူး။ အသံကတော့ အတော်ကြီး ကျယ်တယ်။ တံတားနဲ့ လမ်းလည်း မပျက်စီးဘူး”လို့ ပြောပါတယ်။

အောက်တိုဘာ ၃ ရက် ည ၈ နာရီလောက်ကလည်း မြစ်သား ရဲသတင်းတပ်ဖွဲ့ရုံးလည်း ဗုံးခွဲ တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၉ ရက်က ကျောက်ဆည်မြို့နယ်၊ ပတ္တာရွာအနီး စာပို့ရထား မိုင်းဆွဲ တိုက်ခိုက်ခံပြီး ကျောက်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF)က သူတို့ရဲ့ လက်ချက်လို့ ကြေညာပါတယ်။

ကျောက်ဆည်ခရိုင်အတွင်းမှာ ရထားမိုင်းခွဲခံရတာ ၂ကြိမ် ရှိပြီး ခုတကြိမ်ဖောက်ခွဲမှုကိုတော့ ဘယ်အဖွဲ့ကမှ တာဝန်ခံကြေညာတာမရှိသေးပါဘူး။

1 month Ago
Up