close

မြတောင်စစ်ကြောင်း

close

July 31, 2021

မြတောင်စစ်ကြောင်းက လူငယ်များ နေထိုင်ရာအိမ်အနီး စစ်တပ်ကဝင်ရောက်စီးနင်း၊ ၅ ဦး ဖမ်းခံရ

မန္တလေးမြို့မှာ မြတောင်စစ်ကြောင်းက လူငယ်တွေ နေထိုင်ရာအိမ်အနီး ဇူလိုင် ၃၁ ရက်နေ့ မနက်ပိုင်းက အာဏာသိမ်း စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေ ဝင်ရောက်စီးနင်းရှာဖွေရာ ၅ ဦး ဖမ်းခံရတယ်လို့ ကနဦး သိရပါတယ်။

ဝင်ရောက်ဖမ်းဆီးရာမှာ သေနတ်ပစ်ဖောက်တာတွေရှိပြီး ၁ ဦး ဒဏ်ရာရတယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။

စစ်ကြောင်းမှာ ပါဝင်သူ တစ်ဦးက “မြတောင်သပိတ်က လူငယ်တွေနေထိုင်ရာ အိမ်ပတ်ပတ်လည်ကိုဝိုင်းပြီး ဝင်ရောက်စီးနင်း ဖမ်းဆီးခေါ်ဆောင်သွားပြီလို့ သိရတယ်။ ၇ ယောက်နေတာ ၂ ယောက်က ခုန်ချထွက်ပြေးတယ်။ ဘယ်သူတွေပါသွားလည်းတော့မသိရသေးဘူး။” လို့ ပြောပါတယ်။

ဒါ့အပြင် မန္တလာတက္ကသိုလ် သပိတ်စစ်ကြောင်းက အပြန်မှာလည်း ကျောင်းသား ၃ ယောက်ကို ကားနဲ့တိုက် ဖမ်းဆီးရာ တစ်ဦး ဖမ်းဆီးရမိသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက် ညနေ ၅ နာရီကျော်လောက်ကလည်း မန္တလေးမြို့ရှိ  မြတောင်ကျောင်းတိုက်ကို   စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီး  သံဃာတော် ၂ ပါးနဲ့ လူငယ် ၁ ဦးကို ဖမ်းဆီးသွားပါတယ်။

18 hours Ago

April 8, 2021

နေ့စဉ်မပျက်ချီတက်နေတဲ့ မြတောင်စစ်ကြောင်း ယနေ့ဆက်လက်ချီတက်

မန္တလေးမြို့မှာ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် နေ့စဉ်မပျက်ချီတက်နေတဲ့ မြတောင်စစ်ကြောင်းဟာ ဒီနေ့ ဧပြီ ၈ ရက်နေ့ကလည်းချီတက်ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကြောင်းမှာ သံဃာတော်တွေ၊ လူငယ် လူရွယ်တွေ ပါဝင်ပြီး စစ်အာဏာရှင်ကျရှုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး၊ ဖမ်းဆီးခံထားရသူတွေ လွှတ်ပေးရေး စတာတွေကို ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြပါတယ်။

မြတောင်စစ်ကြောင်းကို ဖြိုခွဲဖို့ လုပ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေကို ရှောင်တိမ်းကာ အောင်မြင်စွာ လူစုခွဲနိုင်ခဲ့ပါတယ်။

4 months Ago
Up