close

မြန်မာကိုယ်စားလှယ်

close

August 3, 2022

မြန်မာကိုယ်စားလှယ်မပါသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပ

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးများ စုံညီအစည်းအဝေးကို မြန်မာနိုင်ငံ ကိုယ်စားလှယ် မပါဝင်ဘဲ သြဂုတ် ၃ ရက်က ဖနွမ်းပင်မှာ တွေ့ဆုံကျင်းပခဲ့ပါတယ်။

ဒီတွေ့ဆုံမှုကို ဒေသတွင်း ဖိုရမ်အဖွင့် အစည်းအဝေးအပြီးမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ကျင်းပခဲ့တာပါ။

ဒီအစည်းအဝေးဟာ မြန်မာနိုင်ငံမှာ အကျဉ်းသားတွေကို ကွပ်မျက်မှု ပိုများလာတယ်ဆိုရင် ငြိမ်းချမ်းရေးအစီအစဉ်ကို ပြန်လည်သုံးသပ်ဖို့ တွန်းအားဖြစ်စေတယ်လို့ ဖော်ပြပါတယ်။

အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံအသင်းဟာ မနှစ်က သဘောတူညီထားတဲ့ ငြိမ်းချမ်းရေး ‘သဘောတူညီချက် ငါးရပ်ကို လိုက်နာဖို့ မြန်မာနိုင်ငံကို တွန်းအားပေးခဲ့ပြီး စစ်အုပ်စုရဲ့ မကြာသေးမီက ဒီမိုကရေစီရေး လှုပ်ရှားသူလေးဦးကို ကွပ်မျက်မှုအပေါ် ရှုတ်ချခဲ့ကြပါတယ်။

စစ်အာဏာရှင်တွေအစား စစ်အုပ်စုဘက်ကမဟုတ်တဲ့ ကိုယ်စားလှယ်စေလွှတ်ပေးဖို့ အဆိုပြုချက်ကို ငြင်းဆန်ခဲ့ပြီးနောက်မှာတော့ အခုသီတင်းပတ် အစည်းအဝေးမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုသူ ရှိမှာမဟုတ်ကြောင်း အာဆီယံဥက္ကဋ္ဌရဲ့ ပြောရေးဆိုခွင့်ရှိသူက သြဂုတ် ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။

အာဆီယံဟာ မနှစ်နှောင်းပိုင်းကစပြီး ငြိမ်းချမ်းရေးအစီအစဉ်ကို မြန်မာစစ်အုပ်စုက အကောင်အထည်ဖော်ရာမှာ တိုးတက်မှုမရှိတာကြောင့် အာဆီယံ အစည်းအဝေးတွေမှာ မြန်မာစစ်အုပ်စုကို တက်ရောက်ခြင်းမပြုဖို့ တားမြစ်ခဲ့ပါတယ်။

6 mins Ago

November 4, 2020

ICC တရားစွဲဆိုမှုအပေါ် မြန်မာကိုယ်စားလှယ် ပြင်းထန်စွာကန့်ကွက်

အပြည်ပြည်ဆိုင်ရာပြစ်မှုဆိုင်ရာတရားရုံး (ICC) ရဲ့ တရားစွဲဆိုဆောင်ရွက်မှုဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေတည်တံ့မှုနဲ့ နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားကို တိုက်ရိုက် စိန်ခေါ်ခြိမ်းခြောက်တာဖြစ်လို့ ပြင်းထန်စွာ ကန့်ကွက်တယ်လို့ မြန်မာကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၂ ရက်ကကျင်းပတဲ့ (၇၅) ကြိမ်မြောက် အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးမှာ  ICC ရဲ့ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကို ဆွေးနွေးခဲ့ကြတာမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ကုလသမဂ္ဂဆိုင်ရာ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ဦးတင်မောင်နိုင်က ပြောကြားခဲ့တာလို့ မြန်မာနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။   ဒီအစည်းအဝေးမှာ အတည်ပြုမယ့် အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (ICC) ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး အဆိုဆုံးဖြတ်ချက်ကို မြန်မာအနေနဲ့  သဘောတူညီမှုမရှိကြောင်းနဲ့ မထောက်ခံကြောင်း မြန်မာကိုယ်စားလှယ်ကပြောပါတယ်။ ရခိုင်ပြည်နယ်ကိစ္စအပေါ် စုံစမ်းစစ်ဆေးဖို့ Pre-Trial Chamber III က ICC ဥပဒေချုပ်ကို ၁၄-၁၁-၂၀၁၉ ရက်နေ့မှာ ခွင့်ပြုခဲ့တာနဲ့ မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့်ရှိတယ်လို့ ဆုံးဖြတ်ထားတာကိုလည်း လုံးဝပယ်ချတယ်လို့ဆိုပါတယ်။ ICC ဥပဒေချုပ်အနေနဲ့ ရခိုင်ပြည်နယ်ကိစ္စအပေါ် တရားစီရင်ခွင့်ရရှိဖို့ ကြိုးစားနေခြင်းဟာ ရောမစာချုပ်၊ ၁၉၆၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများဆိုင်ရာကွန်ဗင်းရှင်း အပါအဝင် အပြည်ပြည်ဆိုင်ရာဥပဒေ ‘မူ’ ကြီးတွေကို ဗြောင်ကျကျချိုးဖောက်တာဖြစ်ပြီး ကုလသမဂ္ဂပဋိညာဉ် စာတမ်းပါ ‘မူ’ ကြီးတွေနဲ့လည်း ဆန့်ကျင်နေတယ်လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း ကြုံတွေ့ရနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းမှာ အာဆာအကြမ်းဖက်အဖွဲ့က မြန်မာလုံခြုံရေး တပ်ဖွဲ့တွေကို  အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး အာဆာအကြမ်းဖက်အဖွဲ့က မူဆလင်တွေ အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ လူနည်းစု ဟိန္ဒူလူမျိုးများအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်မှုတွေကို မမေ့ရန် လိုအပ်တယ်လို့ မြန်မာကိုယ်စားလှယ်က ပြောပါတယ်။ မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သည်းခံမှာ မဟုတ်သလို သက်သေခိုင်လုံတဲ့ မည်သည့် စွပ်စွဲမှုမျိုးကိုမဆို စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူကို ဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်ကြောင်းနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတချို့က မြန်မာနိုင်ငံကိစ္စကို ICC သို့ လွှဲပေးဖို့ တောင်းဆိုမှုတွေကိုလည်း  ပြင်းထန်စွာ ကန့်ကွက်ကြောင်း မြန်မာကိုယ်စားလှယ်က ပြောပါတယ်။  ဓာတ်ပုံ- MOFA
2 years Ago
Up