close

မြန်မာစစ်ကောင်စီ

close

February 1, 2023

မြန်မာစစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်လှုပ်ရှားမှု ချင်းမိုင်တွင် ပြုလုပ်

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီခေါင်းဆောင်တွေကို စစ်တပ်က ဖမ်းဆီးပြီး အာဏာသိမ်းခဲ့တဲ့ ၂ နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်မှာ ထိုင်းနိုင်ငံ ချင်းမိုင်ရောက် မြန်မာအသိုင်းအဝိုင်းနဲ့ ဒီမိုကရေစီလိုလားသူမိတ်ဖက်အဖွဲ့တွေ စုပေါင်းပြီး စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။ 

အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ( Anti-Sham Election Campaign ) လို့အမည်ပေးထားတဲ့ ဒီလှုပ်ရှားမှုကို ချင်းမိုင်တက္ကသိုလ် ဥပဒေရေးရာဌာနမှာ  ကျင်းပတာ ဖြစ်ပါတယ်။ 

အခမ်းအနားမှာ ဓာတ်ပုံပြပွဲ၊ နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့သူရဲကောင်းတွေအတွက် ၁ မိနစ် ငြိမ်သက်ဆုတောင်းတာ၊ စစ်အာဏာရှင်တို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုမှတ်တမ်းဗွီဒီယိုပြသတာ၊  အတုအယောင်ရွေးကောက်ပွဲရဲ့ ဖြစ်ရပ်နဲ့ အကျိုးဆက်တွေအကြောင်း ဆွေးနွေးတာတွေ လုပ်ခဲ့ကြပါတယ်။ 

ဒါ့အပြင် KNU, KNPP, WLB, GSC, DPNS, GSCN, ၈၈ မျိုးဆက်ကျောင်းသား စတဲ့အဖွဲ့အစည်းက ပေးပို့တဲ့ ထုတ်ပြန်ချက်၊ အသိအမှတ်ပြုလွှာတွေကို ဖတ်ကြားတာ၊ ထိုင်းအဖွဲ့ရဲ့ အနုပညာသရုပ်ဖော်တင်ဆက်တာ၊ သံပြိုင်သီချင်းသီဆိုတာတွေလည်း ပြုလုပ်ကြပါတယ်။ 

Ref/Photo- FAD

2 mins Ago

November 12, 2022

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် မြန်မာစစ်ကောင်စီကို ဂူတာရက်စ် တောင်းဆို

မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့  ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ဟာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ နိုဝင်ဘာလ ၁၁ ရက်က အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး တောင်းဆိုလိုက်ပါတယ်။ 

“နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ချက်ချင်းပြန်စဖို့ မြန်မာ အာဏာပိုင်တွေကို ထပ်ခါတလဲလဲ တောင်းဆိုပါတယ်။ ဒါဟာ ထာဝရငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်ပါတယ်” လို့ ဂူတာရက်စ်က ပြောကြားပါတယ်။ 

မြန်မာနိုင်ငံမှာ လူမှုရေးနဲ့နိုင်ငံရေး မငြိမ်မသက်မှုတွေ အရှိန်မြင့်လာတာနဲ့အမျှ ငြိမ်းချမ်းရေး အစီအစဥ်မှာ အတိုင်းအတာ တစ်ခုအထိ တိုးတက်မှုရှိလာအောင် လုပ်မလား ဒါမှမဟုတ် အစုအဖွဲ့ ရဲ့ အစည်းအဝေးတွေကနေ တားမြစ်ခံမလား ဆိုပြီး အရှေ့တောင်အာရှ အစိုးရအကြီးအကဲတွေက မြန်မာနိုင်ငံကို သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ 

မနှစ်တုန်းက ရရှထားတဲ့ အာဆီယံဘုံ သဘောတူချက် (၅) ချက်အပေါ် တိုးတက်မှု အနည်းငယ်သာ ရှိသေးကြောင်း အာဆီယံက ပြောကြားခဲ့ပြီး ခေါင်းဆောင်တွေဟာ တိကျတဲ့ အချိန်သတ်မှတ်ချက်နဲ့အတူ ခိုင်မာပြီး လက်တွေ့ကျကျ တိုင်းတာသိရှိနိုင်တဲ့ ညွှန်ပြချက်တွေ လုပ်ဖို့ လိုအပ်နေကြောင်း ကောက်ချက်ချခဲ့ပါတယ်။ 

အာဆီယံအနေနဲ့ အစည်းအဝေးအဆင့်ဆင့်မှာ မြန်မာနိုင်ငံ ကိုယ်စားပြုမှုကို ပြန်လည်သုံးသပ်မှာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကတည်းက မြန်မာရဲ့စစ်အုပ်ချုပ်ရေးအုပ်စုမှ ခေါင်းဆောင်တွေကို ထိပ်သီးအစည်းအဝေးတွေကနေ တားမြစ်ခဲ့ကြောင်းလည်း ထပ်လောင်းပြောကြားပါတယ်။

နိုဝင်ဘာ ၁၁ ရက်က ဖနွမ်းပင်မှာ ကျင်းပတဲ့  ထိပ်သီးအစည်းအဝေးမှာ  အာဏာသိမ်း စစ်ခေါင်းဆောင်ကို တက်ခွင့်မပေဘဲ မြန်မာရဲ့ ထိုင်ခုံနေရာကို အလွတ်ထား ကျင်းပခဲ့ပါတယ်။ 

3 months Ago
Up