close

မြန်မာနည်းပြ အန်တွန်နီဟေး

close

May 27, 2021

ဂျပန်နှင့်ကစားမည့်ပွဲတွင် မြန်မာကစားသမားများ အတွေ့ကြုံကောင်းရနိုင်ဟု နည်းပြပြော

ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် မေလ ၂၈ ရက်မှာ ကစားရမယ့်ဂျပန်အသင်းနဲ့ပွဲစဉ်ဟာ မြန်မာကစားသမားတွေအတွက် အတွေ့အကြုံကောင်းတွေရရှိမှာဖြစ်တယ်လို့ မြန်မာနည်းပြ အန်တွန်နီဟေးက ပြောပါတယ်။

ဂျပန်နဲ့မြန်မာအသင်းတို့ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲအုပ်စု (F) ပွဲစဉ်အနေနဲ့ မေလ ၂၈ ရက် မနက်ဖန် ညနေ ၄ နာရီ ၅၀မိနစ်မှာ ယှဉ်ပြိုင်ကစားကြမှာပါ။

မြန်မာအသင်းရဲ့ နည်းပြ ဂျာမန်လူမျိုးနည်းပြ အန်တွန်နီဟေး "ကျနော်တို့က အာရှရဲ့အကောင်းဆုံးအသင်းဖြစ်တဲ့ ဂျပန်နဲ့ကစားရမှာပါ။ ကစားသမားတွေ အတွက် အံ့အားသင့်စရာ အတွေ့အကြုံတွေ ရရှိမှာဖြစ်ပြီး အကောင်းဆုံးပြင်ဆင်ထားရမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။

မြန်မာအသင်းဟာ မေလ ၂၇ ရက်က ဂျပန်နဲ့ပွဲအကြို နောက်ဆုံး လေ့ကျင့်ခန်းအစီအစဉ်တွေ ပြုလုပ်ခဲ့ပါတယ်။

မြန်မာလက်ရွေးစင်အသင်းမှာ ကျော်ကိုကို၊ အောင်သူနဲ့ ဇော်မင်းထွန်းတို့လို အဓိက ကစားသမားအများစုမပါဝင်ဘဲ မောင်မောင်လွင် ၊ လှိုင်းဘိုဘို၊ ဒေးဗစ်ထန်အစရှိတဲ့က စားသမားတွေနဲ့အတူ လူငယ်ကစားသမားတွေနဲ့ ပွဲထွက်အသုံးပြုရမှာ ဖြစ်ပါတယ်။

အာရှထိပ်သီးဂျပန်အသင်းမှာတော့ ပရီးမီးယားလိဂ်ကလပ် လစ်ဗာပူးက မီနာမီနိုအပါအဝင် ဂျာမန်ကလပ်ဝါဒါဘရီမင်တိုက်စစ်မှူး အိုဆာကာ၊ ဖရန့်ဖတ်က ကာမာဒါ တို့လို ဥရောပအခြေ စိုက်ကစားသမားတွေနဲ့ မြန်မာအသင်းကို ယှဉ်ပြိုင်သွားဖို့ရှိပါတယ်။

5 mins Ago
Up