close

မြန်မာနယ်စပ်

close

May 11, 2023

မြန်မာနယ်စပ် မယ်ဆိုင်တွင် သေနတ်နှင့်ကျည်ဆန် မျိုးစုံ ၁၀၀ ကျော်ဖမ်းမိ

ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ပေါ်မှာ သေနတ်နဲ့ ကျည်ဆန် မျိုးစုံ ၁၀၀ ကျော် ဖမ်းဆီးရမိတယ်လို့  မယ်ဆိုင်ပရက်စ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

မယ်ဆိုင်မြို့ ကော်ချန့်ရပ်ကွက် ဆရီချိုင်းဖုမ်းအိမ်ရာရှိ  နေအိမ်တစ်လုံးမှာ အိမ်ရှေ့တံခါး အမြဲပိတ်ထားတာကို မသင်္ကာတာကြောင့် တာဝန်ရှိသူတွေက စောင့်ကြည့်နေခဲ့ပြီး  မေလ ၉ ရက် မနက်မှာ နယ်မြေခံရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်နဲ့ အုပ်ချုပ်ရေးရုံးတာဝန်ရှိသူတွေက   သက်ဆိုင်ရာ ရပ်ကွက်လူကြီးထံခွင့်တောင်းကာ  အဆိုပါနေအိမ်ကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ 

စစ်ဆေးချက်အရ အဲဒီအိမ်ထဲကနေ ပြောင်းရှည်သေနတ်၊ ပစ္စတို၊ သေနတ်ပြောင်းဝတပ်ကင်မရာ၊ ပစ္စတိုသေနတ်အစိပ်အပိုင်းနဲ့ ကျည်ကပ်၊ အရွယ်အစားအမျိုးမျိုး တံဆိပ်အမျိုးမျိူးပါ ကျည်ဆံတွေအပါအဝင် အမျိုးအစား စုစုပေါင်း ၁၀၀ ကျော်ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် တခြားဒေသကနေပေးပို့လာတဲ့ မဖောက်ရသေးတဲ့ ဂျပ်ဖာပါဆယ်တွေ၊ အသုံးမပြုရ‌သေးတဲ့ ဂျပ်ဖာသစ်တွေပါတွေ့ရှိကြောင်း ၊  လိုအပ်သလိုစစ်ဆေးမေးမြန်းအရေးယူဖို့ အိမ်ပိုင် ရှင်ကို လိုက်လံရှာဖွေလျက်ရှိကြောင်း၊ ဒီတကြိမ် စစ်ဆေးမှုဟာ မေလ ၁၄ ရက် ရွေးကောက်ပွဲမတိုင်ခင် ရာဇဝတ်မှုတွေ စောင့်ကြပ်စစ်ဆေးရှင်းလင်းစဉ် တွေ့ရှိခဲ့တာလို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

7 mins Ago

February 23, 2023

မြန်မာနယ်စပ်တွင် စိတ်ကြွမူးယစ်ဆေးပြား ၂ သိန်းဖမ်းမိ

ချင်းမိုင်ခရိုင်၊ မဲ့အိုင်းမြို့နယ်၊ မြန်မာနယ်စပ်အနီးမှာ စိတ်ကြွဆေးပြား ၂ သိန်းကို သေနတ် ၁ လက်နဲ့အတူ ဖမ်းဆီးရမိတယ်လို့  မယ်ဆိုင်ပရက်စ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

အမှတ် ၃၂၀၆ ထိုင်းကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၂၀ ရက် ည ၇ နာရီလောက်က မဲ့အိုင်းမြို့နယ်တွင်း  နယ်စပ်လုံခြုံရေးစစ်ဆေးဆောင်ရွက်နေစဉ် နားမအိန့်ကျေးရွာအနီး တော စပ်ထဲကနေ အမျိုးသား ၂ ဦး ကျောပိုးအိတ်နဲ့ ဝင်လာတာတွေ့ရကြောင်း ၊ တာဝန်ရှိသူတွေက စစ်ဆေးဖို့ရပ်မိန့်ပေးလိုက်ရာ တဘက်က သေနတ်နဲ့ ပစ်ခတ်လာတယ်လို့ ဆိုပါတယ်။ 

ထိုင်းစစ်တပ်ဘက်ကလည်း ပြန်ပစ်ခဲ့ပြီး သေနတ်သံငြိမ်သွားကြောင်း ၊ ညမိုးချုပ်ပြီဖြစ်တဲ့အတွက် ချက်ချင်းနယ်မြေရှင်းလင်းရေးမလုပ်နိုင်ဘဲ ဖေဖော်ဝါရီ ၂၁ ရက်မနက်စောစောမှ သွားရောက်စစ်ဆေးရာမှာ ‌အိတ် ၂ လုံး ၊ ပြောင်းရှည်သေနတ် ၁ လက် ၊ ဂက်စ်ဓာတ်ငွေ့သေနတ် ၁ လက်နဲ့ အသုံးအဆောင်ပစ္စည်းအချို့တွေ့ရတယ်လို့ ဆိုပါတယ် ။ 

အဆိုပါအိတ် ၂ လုံးထဲမှာ တစ်လုံးကို စိတ်ကြွဆေး ၁ သိန်းစီနဲ့ စုစုပေါင်း စိတ်ကြွဆေး ၂ သိန်းဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ 

အဆိုပါနေရာဟာ မြန်မာနိုင်ငံ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်နဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိပါတယ်။

တစ်နေ့တည်းမှာပဲ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းကျေးရွာအုပ်စု၊ ပုံတပ်ကျေးရွာနဲ့ ပါဟိုးကျေးရွာရှိ နွားမွေးမြူရေးခြံနဲ့ ခြံပိုင်ရှင်ရဲ့နေအိမ်ကနေ  စိတ်ကြွဆေးပြား ၆၅ သိန်းနဲ့ ပွိုင့် ၂၂ သေနတ် ၄ လက် ၊ M-16 သေနတ် ၁ လက်၊ ၁၂ ဗို့ ပြောင်းချောသေနတ် ၁ လက်၊ ကျည်အိမ် ၁၆ ခု၊ ကျည်မျိုးစုံ ၂၇ တောင့်တို့ကို မြန်မာမူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့က သွားရောက်စစ်ဆေး သိမ်းဆည်းရမိတယ်လို့ CCDAC MYANMAR  သတင်းမှာ ဖော်ပြပါတယ်။ 

Photo- Maesai Press

3 months Ago
Up