close

မြန်မာနိုင်ငံမှ ခရီးသွားများ

close

July 14, 2021

မြန်မာနိုင်ငံမှ လာရောက်မည့် ခရီးသွားများကို စင်ကာပူ ပြည်ဝင်ခွင့်ပိတ်

ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကနေ လာရောက်ကြမယ့် ခရီးသွားတွေကို စင်ကာပူနိုင်ငံက ဇူလိုင် ၁၅ ရက်ကစတင်ကာ ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ပြီလို့ စစ်ကာပူအခြေစိုက် The Straits Times သတင်းစာမှာ ဖော်ပြပါတယ်။

စင်ကာပူကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ကာလရှည်၊ ကာလတို ခရီးသွားလက်မှတ်ကိုင်ဆောင်သူတွေ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ၂၁ ရက်အတွင်း သွားရောက်ခဲ့တဲ့ ခရီးသွားရာဇဝင်ရှိသူတွေအားလုံးကို ခွင့်ပြုတော့မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

“မူလက စင်ကာပူနိုင်ငံတွင်း ဝင်ရောက်ခွင့်ပြုချက် ရရှိထားသူတွေအားလုံးလည်း ဒီကန့်သတ်ချက်နဲ့ သက်ဆိုင်ပါတယ်”

မကြာသေးခင်က မြန်မာနိုင်ငံကို ခရီးသွားရာဇဝင်ရှိထားသူတွေအားလုံးဟာ စင်ကာပူနိုင်ငံကို ရောက်တာနဲ့ ကိုဗစ်-၁၉  စစ်ဆေးမှုခံယူရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီစစ်ဆေးမှုမှာတော့ နိုင်ငံတွင်း ရောက်ရှိပြီး ၃ ရက်၊ ၇ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ရယူသွားမှာဖြစ်ကာ ဒုတိယတကြိမ် ပီစီအာရ်စစ်ဆေးမှုကိုတော့ ၁၄ ရက်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ခရီးသွားတွေဆီက ဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုတွေ ဆက်လက်ရှိမလာစေရေးအတွက် ဝန်ကြီးဌာနပေါင်းစုံက နယ်စပ်ပြည်ဝင်ခွင့်ပေးရေးနဲ့ ပတ်သက်ပြီး သုံးသပ်မှုတွေ ပုံမှန်လုပ်ဆောင်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

“ကမ္ဘာ့နိုင်ငံတွေမှာ (ကိုဗစ်-၁၉) ကူးစက်ပြန့်ပွားမှုအခြေအနေအလိုက် စင်ကာပူနိုင်ငံအနေနဲ့ နိုင်ငံတွင်းဝင်ရောက်ခွင့်ကိစ္စရပ်တွေကို ညှိနှိုင်းဆောင်ရွက်မှုတွေ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”

နိုင်ငံတွင်း ဝင်ရောက်ခွင့်နဲ့ ပတ်သက်ပြီး အပြောင်းအလဲတစုံတရာရှိပါက SafeTravel ဝက်ဘ်ဆိုက်ဒ်စာမျက်နှာပေါ်မှာ အချိန်နဲ့တပြေးညီ အသိပေးသွားမယ်လို့ ဆိုပါတယ်။

8 mins Ago
Up