close

မြန်မာနှစ်သစ်ကူး

close

April 17, 2023

အင်းစိန်ထောင်ကနေ အကျဉ်းသားများ ပြန်လွတ်လာသည့်မြင်ကွင်း (ဓာတ်ပုံ)

အကျဉ်းသား ၃၁၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း စစ်ကောင်စီက ကြေညာပြီးနောက် ဒီမနက်ပိုင်းမှာ အင်စိန်ထောင်ကနေ အကျဉ်းသားတချို့ လွတ်မြောက်လာခဲ့ပါတယ်။

အခုထိတော့ အင်းစိန်ထောင်ကပြန်လွတ်လာသူတွေအထဲမှာ နိုင်ငံရေးအကျဉ်းသားတွေတော့ ပါဝင်လာတာမရှိသေးဘူးလို့ သိရပါတယ်။ အကျဉ်းသား မိသားစုဝင်တွေဟာ အင်းစိန်ထောင်ရှေ့မှာ ဒီဲနေ့ မနက်အ​စောပိုင်းကတည်းက လာရောက်စောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။

15 mins Ago

April 13, 2022

မြန်မာနှစ်သစ်ကူး သင်္ကြန်အတွက် နိုင်ငံခြားသံရုံးများ ဆုတောင်းမေတ္တာပို့

၂၀၂၂ ခုနှစ် ဧပြီလမှာ ကျရောက်တဲ့ မြန်မာနှစ်သစ်ကူး သင်္ကြန်အတွက် အမေရိကန် အပါအဝင် ရန်ကုန်အခြေစိုက် နိုင်ငံခြားသံရုံးတွေက မြန်မာပြည်သူလူထုတွေအတွက် ဆုတောင်းမေတ္တာ ပို့ထားပါတယ်။

မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယမှာ မြန်မာပြည်သူတွေ ကောင်းခြင်းမင်္ဂလာတွေနဲ့ ပြည့်စုံပါစေကြောင်း အမေရိကန်ပြည်ထောင်စုကိုယ်စား နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေ ဘလင်ကန်က ပြောကြားတဲ့အကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး မြန်မာပြည်သူတွေဟာ စဉ်းစားတွေးထင်ဖို့ မဖြစ်နိုင်လောက်တဲ့ ဒုက္ခသုက္ခတွေ ရင်ဆိုင်အံတုခဲ့ကြပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ရာမှာ ထူးချွန်ပြောင်မြောက်တဲ့ သူရသတ္တိနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းတို့ကို ပြသခဲ့ကြတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ မြန်မာပြည်သူတွေနဲ့ အတူတကွ ဆက်လက်ရပ်တည်မှာဖြစ်ပြီး အာဏာသိမ်းမှုနဲ့ စစ်အာဏာရှင်အဖွဲ့ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်ပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိစေဖို့ ဆက်လက် ဆောင်ရွက်သွားမယ်၊ မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီစနစ် ပြန်လည်ဖော်ဆောင်ဖို့နဲ့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး ရရှိဖို့ အကူအညီပေးရာမှာ အမေရိကန်ပြည်ထောင်စုရဲ့ သန္နိဋ္ဌာန် ခိုင်ခိုင်မာမာရှိတယ်လို့ ဆိုပါတယ်။

အလားတူ ကနေဒါသံရုံးကလည်း မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယမှာ မြန်မာပြည်သူတွေရဲ့ ကြံ့ကြံ့ခံမှုနဲ့ ပိုမိုငြိမ်းချမ်းပြီး သာယာဝပြောတဲ့ နှစ်သစ်အပေါ် မျှော်လင့်ချက်တွေကို ကနေဒါသံရုံးက ဂုဏ်ပြု အသိအမှတ်ပြုတယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုနှစ်သစ် အခါသမယဟာ ထိခိုက်ခံစားနေရသူတွေအတွက် စိတ်သက်သာစရာ အခိုက်အတန့်တွေ ယူဆောင်ပေးလာနိုင်ဖို့ မျှော်လင့်တယ်၊ မြန်မာပြည်သူတွေရဲ့ ငြိမ်းချမ်းရေးနဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ အနာဂတ်အတွက် လုပ်ဆောင်နေသူ အားလုံးရဲ့ ရည်မှန်းချက်တွေကို ကနေဒါနိုင်ငံက ဆက်လက်ကူညီ ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။

ဒိန်းမတ်နိုင်ငံအနေနဲ့လည်း သင်္ကြန်ကာလနဲ့ နှစ်သစ်ကူးမှာ မြန်မာပြည်သူပြည်သားတွေ အားလုံးအတွက် ဒိန်းမတ်သံရုံး အကြီးအကဲ မစ္စတာ အင်န်ဒါးစ် ‌ဂေါင်ဂေါက ဆုတောင်းမေတ္တာ ပို့သလိုက်တယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ နိုင်ငံရေး အခြေအနေကြောင့် လွန်ခဲ့တဲ့နှစ်တွေက မြန်မာပြည်သူ ပြည်သားတွေဟာ ဒီလို အရေးကြီးတဲ့ ပျော်ရွှင်စရာ ပွဲတော်ကို မဆင်နွှဲနိုင်ခဲ့ကြပါဘူး၊ မြန်မာနိုင်ငံမှာ စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်ကြုံတွေ့နေရပေမဲ့ လာမယ့် နှစ်သစ်မှာတော့ မြန်မာပြည်သူပြည်သားတွေ အားလုံး ကျန်းမာချမ်းသာ၊ ငြိမ်းချမ်းကြပြီး ဒီမိုကရေစီ နိုင်ငံတော်ကို ပြန်လည်ရရှိကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်တယ်လို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

1 year Ago
Up