ရန်ကုန်မြို့ရှိ သပိတ်မှောက်ခံထားရတဲ့ မြန်မာပလာဇာမှာ ဇွန်ပထမအပတ်လောက်ကစပြီး ဈေးဝယ်သူတွေနဲ့ လာရောက်လည်ပတ်သူတွေ အနည်းငယ်ရှိလာသလို ပရိုမိုးရှင်းပွဲတွေရှိတဲ့အခါ လာရောက်သူ ပိုမိုများပြားလာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
စနေ၊ တနင်္ဂနွေလို ရုံးပိတ်ရက်တွေမှာ ဈေးဝယ်သူတွေနဲ့ လာရောက်လည်ပတ်သူတွေ များပြားလာတာဖြစ်ပြီး ရုံးဖွင့်ရက်တွေမှာတော့ လာရောက်သူနည်းပါးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်က မြန်မာပလာဇာရဲ့ လုံခြုံရေးတွေက ဆန္ဒပြလူငယ်တွေကို ရိုက်နှက်ဖမ်းဆီးတာတွေပြလုပ်ခဲ့တဲ့ အချိန်ကစပြီး ဒီနေ့အထိ ပြည်သူအများစုက သပိတ်မှောက်ကာ မြန်မာပလာဇာကို မသွားရောက်ပဲနေခဲ့ကြတာ အချိန်ကာလအားဖြင့် ၇ လ ကျော်အထိရှိလာပြီ ဖြစ်ပါတယ်။
သပိတ်မှောက်စဥ်ကာလက မြန်မာပလာဇာအတွင်းမှာရှိတဲ့ ဆိုင်ခန်းတွေအများအပြား ပိတ်သိမ်းခဲ့ကြပေမဲ့ စစ်ကောင်စီရဲ့ ဖိအားပေးမှုကြောင့် တချို့ဆိုင်ခန်းတွေ ပြန်လည်ဖွင့်လှစ်ခဲ့ပေမဲ့ ဆိုင်ခန်းတချို့ကတော့ အပြီးပိတ်သိမ်းသွားခဲ့တာပါ။
ဒါပေမဲ့ အခုအခါ မြန်မာပလာဇာအတွင်းမှာရှိတဲ့ ဆိုင်ခန်းတွေအားလုံးနီးပါးပြန်လည်ဖွင့်လှစ်ထားပြီး မြန်မာပလာဇာဘက်ကလည်း ပြည်သူတွေလာရောက်လည်ပတ်စေဖို့ ပရိုမိုးရှင်းပွဲအမျိုးမျိုးနဲ့ အခမ်းအနားအမျိုးကို ပြုလုပ်ပြီး ပြန်လည်စည်ကားအောင်လုပ်ဆောင်နေပါတယ်။
သပိတ်မှောက်ခံထားရတဲ့ မြန်မာပလာဇာ မြေညီထပ်မှာ ဖွင့်ထားတဲ့ Harry's Bar အရက်ဆိုင်မှာ ဧပြီ ၁၁ ရက် ဒီ ညနေ ၄ နာရီ ခွဲလောက်က ဗုံးဖောက်ခွဲတိုက်ခိုက်ခံရပြီး ဆိုင်မှန်တွေကွဲသွားခဲ့ပေမဲ့ လူအထိအခိုက်ရှိမရှိ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ဦးက “ပေါက်တာက အတွင်းဘက်မှာ ပေါက်တာပဲ။ မှန်တွေ ကွဲသွားတယ်။ လူထိခိုက်တာတော့ မကြားဘူး။ ဆိုင်ထိုင်နေတဲ့သူတွေလည်း ရှိနေတယ်။ ပေါက်တာ ၂ ကြိမ်ပေါက်တာ။ ရဲတွေ စစ်သားတွေ ရောက်လာတော့ တကြိမ် အဲ့အနီးနားထပ်ပေါက်တာ”လို့ ပြောပါတယ်။
ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာလဲဆိုတာတော့ လတ်တလော ထုတ်ပြန်ကြေညာတာမတွေ့ရသေးပါဘူး။ ဗုံးပေါက်ကွဲပြီးနောက်မှာတော့ မြန်မာပလာဇာ အနီးတဝိုက်မှာ စစ်သားနဲ့ ရဲတွေက လုံခြုံရေးတင်းကျပ် စစ်ဆေး ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
Harry's Bar ဟာ စစ်တပ်ရဲ့ ဒေါက်တိုင် ခရိုနီစီးပွားရေးလုပ်ငန်းရှင် ဦးတေဇမိသားစုနဲ့ ဆက်နွှယ်နေတဲ့ ဆိုင်ဖြစ်ပြီး အာဏာသိမ်းပြီးနောက် ပြည်သူတွေ သပိတ်မှောက်ဖို့ တိုက်တွန်းခဲ့တဲ့ ဆိုင်တွေထဲက တဆိုင်လည်း ဖြစ်ပါတယ်။
မြန်မာပလာဇာကိုတော့ ပြီးခဲ့တဲ့ နှစ်က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလူငယ်တွေအပေါ် လုံခြုံရေး၀န်ထမ်းတွေက အကြမ်းဖက်ဖမ်းဆီးခဲ့လို့ ပြည်သူတွေက ဆန့်ကျင်သပိတ်မှောက် ထားတာပါ။
ပြည်သူတွေရဲ့ သပိတ်မှောက်ခံထားရတဲ့ မြန်မာပလာဇာအပြင်ဘက် ရေပန်းဧရိယာအနားမှာ သင်္ကြန်ပျော်ပွဲရွှင်ပွဲအတွက် ညဈေးတန်းကိုလည်း ဧပြီ ၁ ရက်မှ ၁၇ ရက်ထိ နေ့စဉ် ညနေ ၄ နာရီခွဲမှ ည ၈ နာရီအထိ ဖွင့်လှစ်ထားပါတယ်။
ပြည်သူတွေရဲ့ သပိတ်မှောက်ခံထားရတဲ့ ရန်ကုန်မြို့ရှိ မြန်မာပလာဇာမှာ သင်္ကြန်ပျော်ပွဲရွှင်ပွဲအတွက် ညဈေးတန်းဖွင့်ထားပါတယ်။
အဲဒီညဈေးတန်းကို မြန်မာပလာဇာအပြင်ဘက် ရေပန်းဧရိယာအနားမှာ ဧပြီ ၁ ရက်မှ ၁၇ ရက်ထိ နေ့စဉ် ညနေ ၄ နာရီခွဲမှ ည ၈ နာရီအထိ ဖွင့်လှစ်ထားမှာဖြစ်တယ်လို့ မြန်မာပလာဇာက ကြေညာထားပါတယ်။
ဆန္ဒပြတဲ့လူငယ်တွေကို ပလာဇာလုံခြုံရေးက အကြမ်းဖက်ဖမ်းဆီးခဲ့တာနဲ့ပတ်သက်လို့ မြန်မာပလာဇာကို ပြည်သူအများစုက မသွားဘဲ သပိတ်မှောက်ထားတာ ၄ လကျော် ရှိနေပြီဖြစ်ပါတယ်။
အများပြည်သူ ရုံးပိတ်ရက်တွေမှာတော့ မြန်မာပလာဇာကို ပြန်လည်သွားရောက်နေတဲ့သူ အနည်းငယ် ရှိလာတာကတွေ့ရပါတယ်။
မြန်မာပလာဇာဟာ သပိတ်မှောက်ခံရတဲ့နေ့တွေကစပြီးတော့ ပရိုမိုးရှင်းအမျိုးမျိုး၊ ပျော်ပွဲရွှင်ပွဲ အမျိုးမျိုးတွေနဲ့ ဈေးဝယ်သူတွေ ပြန်လည်စည်ကားအောင် ဆွဲဆောင်နေရပြီးတော့ ယခုအခါမှာ လည်း သင်္ကြန်ကို အကြောင်းပြုပြီး ညဈေးတန်းကို ဖွင့်လှစ်နေတာလည်း ဖြစ်ပါတယ်။