close

မြန်မာပြည်အရှေ့ပိုင်းဒေသ

close

August 26, 2022

မြန်မာပြည်အရှေ့ပိုင်းဒေသများကို လေပွေလှိုင်း တိုက်ခတ်နိုင်

အပူပိုင်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေကို ၂၄ နာရီအတွင်း  လေပွေလှိုင်း(Low-Pressure Cell)အဖြစ် ရောက်ရှိနိုင်တယ်လို့  မိုးဇလဌာနက ဒီကနေ့ ဩဂုတ် ၂၆ ရက် မနက် ၇ နာရီအချိန် ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီပြည်နယ်ကို ဖြတ်‌ကျော်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း “မ-အွန်” (Ma-on)ဟာ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့အနီးသို့ရောက်ရှိခဲ့ပြီး နောက်-အနောက်မြောက်ဘက်သို့ရွေ့လျားကာ နောက် ၁၂ နာရီအတွင်း လာအိုနိုင်ငံမြောက်ပိုင်းသို့ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)အဖြစ်ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

နောက် ၂၄ နာရီအတွင်း မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေကို လေပွေလှိုင်း(Low-Pressure Cell)အဖြစ်ရောက်နိုင်ပြီး ဒီနေ့ မနက်ကနေ ဩဂုတ် ၂၈ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်း၊ ပဲခူး ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက် မိုးကြီးနိုင်တယ်လို့ဆိုပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းကျပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ တစ်နာရီလျှင် မိုင် ၃၀ မှ  ၃၅ မိုင်အထိတိုက်ခတ်နိုင်တယ်လို့ မိုးဇလက ခန့်မှန်း ထားပါတယ်။

Photo- မိုးဇလ

2 mins Ago
Up