close

မြန်မာဖမ်းဆီးခံရ

close

December 14, 2021

ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၁၆ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်ရှိ ရွာတရွာထဲကို  ဒီဇင်ဘာ ၁၃ ရက်က တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၆ ယောက်ကို ထိုင်းအစိုးရ လှည့်ကင်းတွေက ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ရေးပါတယ်။

ချုံပုတ်ထဲမှာ  ပုန်းအောင်းနေတဲ့ မြန်မာအမျိုးသား ၁၀ ယောက်နဲ့ အမျိုးသမီး ၆ ယောက်တို့ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက တွေ့ရှိခဲ့တာဖြစ်ပြီး သူတို့ဟာချွန်ဘူရီမှာ အလုပ်သွားလုပ်ဖို့  လာကြို့မယ့်ကားကို စောင့်နေကြတာလို့ သိရပါတယ်။

သူတို့အားလုံးဟာ ပဲခူးကနေ လာကြတာဖြစ်ပြီး  သဘာဝတောလမ်းကနေ နယ်စပ်ကို ဖြတ်ကျော်  ဖို့ ပွဲစားကို တယောက်လျှင် ထိုင် ဘတ် ၃၀၀၀၀ စီ ပေးခဲ့ရတယ်လို့လည်းဆိုပါတယ်။

ထိုင်းနိုင်ငံအတွင်း တရားမ၀င် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို ကူညီပေးခဲ့တဲ့ ထိုင်းလမ်းပြနှစ်ဦးကိုလည်း  ဖမ်းဆီးအရေးယူထားပါတယ်။

ဖမ်းဆီးရမိသူတွေကို တရားမ၀င်ခိုးဝင်မှုနဲ့ တရားစွဲပြီး ဥပဒေအရ အရေးယူ ကာ ပြည်နှင်ဒဏ်ပေးသွားမယ်လို့သိရပါတယ်။

56 seconds Ago
Up