close

မြန်မာယူ ၂၃ အသင်း

close

April 25, 2022

ယူအေအီးတွင် လေ့ကျင့်နေသည့် မြန်မာယူ ၂၃ အသင်း ခြေစမ်းပွဲ ၂ ပွဲ ထပ်ကစားမည်

ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲအတွက် ယူအေအီးနိုင်ငံမှာ လေ့ကျင့်နေတဲ့ မြန်မာယူ ၂၃ အသင်းဟာ ခြေစမ်းပွဲ ၂ပွဲ ထပ်ပြီးကစားသွားဖို့ရှိပါတယ်။ 

မြန်မာယူ ၂၃ အသင်းဟာ ပြီးခဲ့တဲ့ ဧပြီ ၂ဝ ရက်က ယူအေအီး ပထမတန်းကလပ် ဒူဘိုင်းစီးတီးနဲ့ပွဲစဉ်မှာ ၁ ဂိုးစီသရေကျခဲ့ပြီး ဧပြီ ၂၃ ရက်က ပရိုလိဂ်ကလပ် ရှာဂျက်အရန် အသင်းနဲ့ပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ 

မြန်မာယူ ၂၃ အသင်းဟာ ဧပြီ ၂၇ ရက် မှာ အက်ဖ်စီဖာဆမ်ဟတ်ပန်နီယာအသင်း၊ ဧပြီ ၂၉ ရက်မှာ အက်ဂျ်မန်အသင်းတွေနဲ့ ဆက်ပြီး ခြေစမ်းသွားမှာပါ။ 

မြန်မာလူငယ်အသင်းဟာ ဆီးဂိမ်းပြိုင်ပွဲအုပ်စု(က) မှာ အိမ်ရှင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အရှေ့တီမောအသင်းတွေနဲ့ တွေ့ဆုံနေတာပါ။ 

ဆီးဂိမ်းစ်အဖွင့်ပွဲစဉ်အဖြစ် မေ ၈ ရက်မှာ အရှေ့တီမောအသင်း၊ မေ ၁ဝ ရက်မှာ ဖိလစ်ပိုင်အသင်း၊ မေ ၁၃ ရက်မှာ အိမ်ရှင်ဗီယက်နမ်အသင်း၊ မေ ၁၅ ရက်မှာ အင်ဒိုနီးရှားအသင်းနဲ့ အသီးသီးယှဉ်ပြိုင်သွားရမှာပါ။ 

ဆီးဂိမ်းစ်အသင်းမှာ အသက် ၂၃ နှစ်ကျော်လွန်တဲ့ ကစားသမား ၃ ဦး ကစားခွင့်ရှိတာကြောင့် လက်ရွေးစင်အသင်းကြီးက ကစားသမား ၈ ဦးကိုလည်း ရွေးချယ်ထားပါတယ်။ 

အဲဒီ ၈ ဦးထဲမှာ ထိုင်းဒုတိယတန်းလိဂ်က ကလပ်တွေမှာကစားနေတဲ့ မောင်မောင်လွင်၊ အောင်ကောင်းမာန်၊ ဆွမ်လမ်မန်နဲ့ မလေးရှား ကလပ်ဆီလန်ဂေါမှာ ကစားနေတဲ့ ဟိန်းထက်အောင်တို့လည်း ပါဝင်ပါတယ်။ 

မြန်မာယူ ၂၃ နည်းပြ ဘူဂေးလ်ရီးယားနိုင်ငံသား ပိုပေါ့ဗ်ကတော့ အပြီးသတ်လူစာရင်းကို မေ ၅ ရက်မှာ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

မြန်မာယူ၂၃အသင်း အုပ်ချုပ်/နည်းပြအဖွဲ့

အသင်းအုပ်ချုပ်သူ- ဦးစည်သူဝင်း

နည်းပြချုပ်- ဗယ်လီဇာပိုပေါ့ဗ်

လက်ထောက်နည်းပြ- ဦးဇော်ဝင်းထွန်း

လက်ထောက်နည်းပြ- ဦးအောင်အောင်ထွန်း

ဂိုးနည်းပြ- ဦးအောင်ကျော်ကျော်

အသင်းဆရာဝန်- ဒေါက်တာဖြိုးမင်းဦး

ကြံခိုင်ရေးနည်းပြ -ဦးထွန်းဇော်

အကြောကျွမ်းကျင်- ဦးသူရတိုး

ဝတ်စုံတာဝန်ခံ- ဦးချမ်းဝေစိုး

ပဏာမလက်ရွေးစင်လူစာရင်း

ဂိုး– ပြည့်ဖြိုးသူ၊ သူရ‌ကျော်၊ ပြည့်ဖြိုးအောင်၊ အောင်ကိုလတ်။

နောက်တန်း – သက်ဟိန်းစိုး၊ စိုးမိုးကျော်၊ ဟိန်းဇေယျာလင်း၊ ဝင်းမိုးကျော်၊ ရဲမင်းသူ၊ သက်ပိုင်‌ထွေး၊ အောင်ဝဏ္ဏစိုး၊ ရဲလင်းထက်၊ နောင်နောင်စိုး။

ကွင်းလယ်- ဇော်ဝင်းသိန်း၊ လွင်မိုးအောင်၊ လင်းထက်စိုး၊ ဝေလင်းအောင်၊ ရန်ကျော်စိုး၊ အောင်နိုင်ဝင်း၊ ဟိန်းထက်အောင်။

ရှေ့တန်း– ရဲရင့်အောင်၊ ထက်ဖြိုးဝေ၊ ဝင်းနိုင်ထွန်း၊ မြတ်ကောင်းခန့်၊ ရာဇာအောင်၊ သန်းပိုင်၊ မောင်မောင်လွင်၊ အောင်ကောင်းမာန်၊ ဆမ်လန်မန်။

9 mins Ago
Up