close

မြန်မာအလှမယ် ထက်ရွှေရည်

close

November 15, 2021

Miss Interglobal ပြိုင်ပွဲ၌ မြန်မာအလှမယ် ထက်ရွှေရည်၏ ဆလုံတိုင်းရင်းသူဝတ်စုံဖြင့် ယှဉ်ပြိုင်

လက်ရှိကျင်းပနေတဲ့ Miss Interglobal အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် ထက်ရွှေရည်က ဆလုံတိုင်းရင်းသူ ဝတ်စုံနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

Virtual ပြိုင်ပွဲအနေနဲ့ ကျင်းပနေတဲ့ ဒီပြိုင်ပွဲမှာ National Costume အမျိုးသားဝတ်စုံအ နေနဲ့ ဝတ်ဆင်ယှဉ်ပြိုင်ခဲ့ပြီး “ပင်လယ်ပျော်တို့နှလုံးသား”လို့ အမည်ပေးထားခဲ့တာပါ။

ဆလုံလူမျိုးတွေဟာ တိုင်းရင်းသား ၁၃၅ မျိုး ဗမာလူမျိုး ၉မျိုးထဲမှ လူမျိုးစုတစ်စုဖြစ်ကာ မြန်မာနိုင်ငံ တောင်ဘက်စွန်း မြိတ်ကျွန်းစုဒေသတွေမှာ နှစ်ပေါင်းများစွာ အခြေချနေ ထိုင်လာခဲ့ကြသူတွေ ဖြစ်ပါတယ်။

ရေလုပ်ငန်းနဲ့ ငါးဖမ်းလုပ်ငန်း အဓိကထားလုပ်ကိုင်ကြတဲ့ ဆလုံလူမျိုးတွေ နေထိုင်ရာ နေ ရာတွေမှာ ပုလဲမွေးမြူရေးလုပ်ငန်းတွေ နေရာယူလာကာ ဆလုံလူမျိုးတွေရဲ့ ငါးဖမ်းဧရိယာ နည်းပါးလာကာ အကျပ်အတည်းတွေနဲ့လည်း ရင်ဆိုင်နေကြရပါတယ်။

ရေကြည်ရာ မြက်နုရာကို ပြောင်းရွှေ့နေထိုင်ရင်း တဖြည်းဖြည်း နည်းပါးလာတဲ့ ဆလုံ လူမျိုးတွေရဲ့ ဒီအရေးကိစ္စကို သေချာမကိုင်တွယ် မဖြေရှင်းပါက ပင်လယ်ပျော်ဆလုံ လူ မျိုးတွေ ပပျောက်ကွယ်သွားတော့မှာ စိုးရိမ်မိတာကြောင့် အခုလို ပြိုင်ပွဲကတဆင့် ထုတ် ဖော်ပြသလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Miss Interglobal အလှမယ်ပြိုင်ပွဲကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့ကတည်း က ကျင်းပနေတာဖြစ်ပြီး Virtual Final ပြိုင်ပွဲကတော့ လာမယ့် ဒီဇင်ဘာ ၄ ရက်နေ့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

47 seconds Ago
Up