close

မြန်မာအလှမယ်

close

March 18, 2022

Miss Eco International အလှမယ်သရဖူ ဖိလစ်ပိုင် ဆွတ်ခူး၊ မြန်မာအလှမယ် Top 21 အဆင့်ထိ ပါဝင်

အီဂျစ်နိုင်ငံမှာ ကျင်းပတဲ့ ၂၀၂၂ ခုနှစ် Miss Eco International အလှမယ်ပြိုင်ပွဲမှာ အလှမယ်သရဖူကို ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြုအလှမယ် ကက်သလင်းပါတွန်က ဆွတ်ခူးသွားခဲ့ပြီး မြန်မာအလှမယ်ကတော့ Top 21 အဆင့်ထိသာ ပါဝင်နိုင်ခဲ့ပါတယ်။

ပြိုင်ပွဲမှာ 1st Runner Up ဆုကို ဘယ်လ်ဂျီယမ်အလှမယ်၊ 2nd  Runner Up ဆုကို အမေရိကန်အလှမယ်၊ 3rd Runner Up ဆုကို စပိန်အလှမယ်၊ 4th Runner Up ဆုကို မလေးရှားအလှမယ်တွေ ရရှိသွားခဲ့ကြတာပါ။

အာဏာသိမ်းစစ်ကောင်စီလက်ထက် ၂၀၂၂ ခုနှစ် Miss Eco International အလှမယ်ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ဗမာ+အာခါတိုင်းရင်းသူ အလှမယ် မေမွန်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး Best in Eco Dress မှာတော့ Top 11 စာရင်းမှာ ပါဝင်နိုင်ခဲ့ပါတယ်။

Miss Eco International အလှမယ်ပြိုင်ပွဲတွေကိုတော့ မြန်မာနိုင်ငံက ၂၀၁၆ ခုနှစ်ကစတင်ကာ စေလွှတ်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး အဲဒီနှစ်မှာ အလှမယ် နန်းဆိုင်လိမ့်ခမ်း၊ နောက် တနှစ် ၂၀၁၇ ခုနှစ်မှာတော့ အလှမယ် မေမြတ်နိုးခင်၊ ၂၀၁၈ ခုနှစ်မှာ အလှမယ် ခခစံနဲ့ ၂၀၁၉ ခုနှစ်မှာ အလှမယ် သိုင်းသူသူသွေးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။

အဲဒီနောက် ၂၀၂၀ ပြည့်နှစ်မှာတော့ အလှမယ် နန်းဝေဝေထွန်းက  သွားရောက်ယှဥ်ပြိုင်ခြင်း မရှိခဲ့ပါဘူး။

12 mins Ago

December 5, 2021

Miss Grand အလှမယ်သရဖူ ဗီယက်နမ်ဆွတ်ခူး၊ မြန်မာအလှမယ် Top 20 အဆင့်ထိ ရောက်ရှိ (ရုပ်သံ)

မနေ့က ကျင်းပပြီးစီးသွားခဲ့ပြီဖြစ်တဲ့ ၂၀၂၁ ခုနှစ် Miss Grand International ပြိုင်ပွဲမှာ အလှမယ် သရဖူကို ဗီယက်နမ်အလှမယ် NGUYEN THUC THUY TIEN က ဆွတ်ခူးသွားခဲ့ပြီး မြန်မာ အလှမယ် အမရာရွှန်းလဲ့ကတော့ Top 20 အဆင့်ထိသာ ရောက်ရှိနိုင်ခဲ့ပါတယ်။

ဒီပြိုင်ပွဲကိုတော့ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တာဖြစ်ပြီး First Runner-Up ဆုကို အီကွေဒေါအလှမယ်၊ Second Runner-Up ဆုကို ဘရာဇီးအလှမယ်၊ Third Runner-Up ဆုကို ပွာတိုရီကိုအလှမယ်၊ Fourth Runner-Up ဆုကို တောင်အာဖရိကအလှမယ်တွေက အသီးသီး ဆွတ်ခူးသွားခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် တခြား Title ဆုတွေဖြစ်တဲ့ Best in Swimsuit ဆုကို ပွာတိုရီကိုအလှမယ်၊ Best National Costume ဆုကို အန်ဂိုလာ၊ မလေးရှားနဲ့ ပီရူးအလှမယ်တွေ၊ Best Evening Gown ဆုကို ထိုင်းအလှမယ်၊ Miss Popular Vote ဆုကို ကမ္ဘောဒီးယားအလှမယ်တွေ ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၆၀ ကျော်က အလှမယ်တွေ ပါဝင်ကြတဲ့ ဒီပြိုင်ပွဲမှာ မြန်မာအလှမယ် အမရာရွှန်းလဲ့က “မြန်မာ့နှလုံးသား”လို့ အမည်ပေးထားတဲ့ အမျိုးသားဝတ်စုံနဲ့ Best National Costume  အဆင့်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

Miss Grand International အလှမယ်ပြိုင်ပွဲကိုတော့ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက စ တင်ကျင်းပခဲ့တာဖြစ်ပြီး တခြားကမ္ဘာ့နိုင်ငံတွေက အလှမယ်တွေလည်း ဝင်ရောက်ယှဉ် ပြိုင်နေကြတာ ဖြစ်ပါတယ်။

အရင်က ပြိုင်ပွဲတွေမှာတော့ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အလှမယ် ထားထက်ထက်၊ အမ်ဂျာဆိုင်း၊ စံထိပ်ထားလင်း၊ နန္ဒာလွင်၊ အေးချမ်းမိုး၊ ဆုမြတ်ဖူး၊ မွှေးသက်တို့က ဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြဖူးပြီး ၂၀၁၃ ခုနှစ်အလှမယ် ထားထက်ထက်နဲ့ မနှစ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ တဲ့ ဟန်လေးတို့ဟာ Top 20 အဆင့်ထိ ပါဝင်ခဲ့ကြဖူးပါတယ်။

3 months Ago
Up