close

မြန်မာ့ကျောက်မျက်

close

November 25, 2021

မြန်မာ့ကျောက်မျက်များကို အိန္ဒိယဇာစ်မြစ်အမည်တပ် ရောင်းချနေသည့်ကိစ္စ စုံစမ်းစစ်ဆေးမည်

အိန္ဒိယနိုင်ငံ အခြေစိုက် Vaibhav Global အွန်လိုင်းရောင်းဝယ်ရေးကုမ္ပဏီဟာ မြန်မာနိုင်ငံထွက် ကျောက်မျက်ရတနာတွေကို အမေရိကန် အွန်လိုင်းအရောင်းဆိုင်တွေကတဆင့် ရောင်းချနေခဲ့ တာကို စုံစမ်းစစ်ဆေးမယ်လို့ ကုမ္ပဏီရဲ့ တွစ်တာအကောင့်ကနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

စုံစမ်းစစ်ဆေးနေချိန်အတွင်းမှာ မြန်မာ့ကျောက်မျက်တွေကို သူတို့ရဲ့ အရောင်းစာရင်းထဲက ဖယ်ထုတ်ထားလိုက်တဲ့အကြောင်းလည်း ရေးသားဖေါ်ပြထားပါတယ်။ 

မြန်မာနိုင်ငံထွက် ကျောက်မျက်ရတနာ ကျောက်စိမ်းနဲ့ ပတ္တမြားလုပ်ငန်းတွေကို ထိန်းချုပ်ထားတဲ့ MGE မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းနဲ့ ဉီးပိုင်ကုမ္ပဏီတို့ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ ဝင်ငွေရလမ်းတွေဖြစ်တာကြောင့် အမေရိကန် ဗြိတိန်နဲ့ ဉရောပသမဂ္ဂတို့က အမည်တပ်ပိတ်ဆို့ အရေးယူထားတာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ အခြေစိုက် Vaibhav Global ကျောက်မျက်ရတနာကုမ္ပဏီဟာ မြန်မာနိုင်ငံကထွက်တဲ့ မိုးကုတ်၊ မိုင်းရှုးပတ္တမြားတွေနဲ့ မြန်မာ့ကျောက်မျက်တွေကို အိန္ဒိယနိုင်ငံ ဇာစ်မြစ်အမည်တပ်ပြီး Amazon၊ Overstock စတဲ့အွန်လိုင်းကုမ္ပဏီတွေအပြင် ဝက်ဘ်ဆိုက်တွေ ရုပ်သံချန်နယ်တွေကတဆင့် ဆက်လက်ရောင်းချနေတာဟာ လက်ခံနိုင်စရာ မရှိတဲ့အကြောင်း Justice for Myanmar အဖွဲ့က  ကန့်ကွက်ထားတာဖြစ်ပါတယ်။

အခုလို အမေရိကန်နိုင်ငံရဲ့ အထင်ကရ အွန်လိုင်းအရောင်းဆိုင်တွေက မြန်မာ့ကျောက်စိမ်းနဲ့ ပတ္တမြားတွေကို ဆက်လက်ရောင်းချနေတာဟာ မြန်မာပြည်သူလူထုကို အကြမ်းဖက်ချေမှုန်းနေတဲ့ စစ်ကောင်စီအတွက် အကျိုးအမြတ်ဖြစ်စေတယ်လို့လည်း ဝေဖန်ကန့်ကွက်ထားပါတယ်။ 

6 mins Ago
Up