ပြင်သစ်စွမ်းအင်ကုမ္ပဏီကြီး Total ဟာ စစ်ကောင်စီအတွက် ၀င်ငွေအများဆုံး အရင်းအမြစ် တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံပိုင် ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းအတွက် အစုပေါ် အမြတ်ငွေသား ခွဲဝေပေးချေမှုအားလုံးကို ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ ဒီလအစောပိုင်းက ရှယ်ယာရှင်တွေရဲ့ ဆန္ဒမဲအရ ဖြစ်တယ်လို့ Total ကုမ္ပဏီက ရှင်းလင်းပြောဆိုပါတယ်။
ငွေပမာဏ ဘယ်လောက်ဆိုတာကိုတော့ ပြင်သစ်ကုမ္ပဏီက မဖော်ပြထားပေမယ့်လည်း မနှစ်က အမြတ်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၅၀ လောက် ရှိတယ်လို့ အမည်မဖော်လိုသူ သတင်းရင်းမြစ်ကို ကိုးကားပြီး Financial Times မှာ ဖော်ပြထားပါတယ်။
မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ရဲ့ ရှယ်ယာရှင်တွေထဲမှာ အမေရိကရဲ့ Chevron နဲ့ ထိုင်းနိုင်ငံပိုင် ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီ PTT တို့ ပါဝင်ပါတယ်။