close

မြန်မာ့ရွှေဈေး

close

March 14, 2023

မြန်မာ့ရွှေစျေး ရက်ပိုင်းအတွင်း ကျပ် ၅၀,၀၀၀ ဝန်းကျင် မြင့်တက်

ကမ္ဘာ့ရွှေစျေး အတက်နဲ့အတူ ဒီကနေ့ မတ် ၁၄ ရက်နေ့ ညနေပိုင်းမှာ ပြည်တွင်းရွှေစျေး တကျပ်သားကို ကျပ် ၂,၈၇၈,၀၀၀ သိန်းဝန်းကျင်ထိ ရောက်ရှိလာပြီး ပြီးခဲ့တဲ့ မတ် ၉ ရက်နေ့  စျေးကွက်ပေါက်စျေးနဲ့ နှိုင်းယှဉ်ရင် ရက်ပိုင်းအတွင်း ကျပ် ၅၀,၀၀၀ ဝန်းကျင်ထိ မြင့်တက်လာပါတယ်။

ကမ္ဘာ့ရွှေစျေးကလည်း မတ် ၉ ရက်နေ့ မနက်မှာ  တအောင်စကို ၁၈၁၅ ဒေါ်လာသာရှိခဲ့ပေမဲ့ ဒီနေ့ မတ် ၁၄ ရက်နေ့  ညနေပိုင်းမှာတော့ တအောင်စကို ၁,၉၀၂  ဒေါ်လာထိ ရောက်ရှိလာပြီး ရက်ပိုင်းအတွင်း ဒေါ်လာ ၉၀ ဝန်းကျင် မြင့်တက်လာပါတယ်။

အမေရိကန် ဘဏ်ကြီး ၂ ခု ပြိုလဲပြီးနောက် ကမ္ဘာ့ရွှေစျေးပြောင်းလဲမြင့်တက်မှုမှာ  မြန်မာ့ရွှေစျေးပါ လိုက်ပါမြင့်တက်လာတာလို့ စျေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

ရွှေလုပ်ငန်းရှင်တဦးက "ဒီကိစ္စ နောက်ဆက်တွဲက ဘယ်လို သက်ရောက်မှု ရှိမလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။  ပြည်တွင်းစျေးကတော့ ကမ္ဘာ့ရွှေစျေးတက်ရင် လိုက်တက်လာမှာပဲ "လို့ ပြောပါတယ်။

ဒီကနေ့ ကမ္ဘာ့ရွှေစျေး မြင့်တက်လာမှုမှာ ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က  သတ်မှတ်ထုတ်ပြန်တဲ့ ရည်ညွှန်းရွှေစျေးနှုန်းလည်း သိသိသာသာ လိုက်ပါမြင့်တက်လာပါတယ်။

ပြီးခဲ့တဲ့  မတ်  ၁၀ ရက်နေ့က (YGEA) ရည်ညွှန်းစျေးဟာ ၂,၁၅၉,၅၀၀ ကျပ်သာရှိခဲ့ပေမဲ့ ဒီနေ့ မတ် ၁၄ ရက်နေ့ နေလယ်ပိုင်းမှာ ၂,၂၅၂,၅၀၀ ကျပ်ထိ ရောက်ရှိလာပြီး ရက်ပိုင်းအတွင်း ကျပ် ၉၀,၀၀၀ ကျော် မြင့်တက်လာပါတယ်။

10 hours Ago

May 16, 2022

မြန်မာ့ရွှေစျေး ကျပ်သိန်း၂၀ အထက် ပြန်ရောက်

မြန်မာ့ရွှေဈေးဟာ  မေလ ၁၆ ရက် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း  YGEA ရဲ့ အဖွင့်ဈေးအရ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားဟာ ကျပ်သိန်း ၂,၀၄၂,၀၀၀ အထိ ပြန်လည်မြင့်တက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေ ၁၃ ရက် သောကြာနေ့မှာ YGEA ရဲ့ အကယ်ဒမီမီးလင်းရွှေ အဖွင့်ဈေးက ကျပ် ၁၉,၄၆,၇၀၀ သာရှိခဲ့တာဖြစ်လို့ ၃ ရက်အတွင်း ကျပ် ၁ သိန်း၀န်းကျင် ပြန်လည်မြင့်တက်ခဲ့တာပါ။

ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့က  ပြုလုပ်တဲ့ ရွှေကုန်သည်တွေနဲ့ YGEA တို့ရဲ့ ဆွေးနွေးပွဲ ဆုံးဖြတ်ချက်အရ  ရွှေဆိုင်တွေ၊ ရွှေကုန်သည်တွေက YGEA သတ်မှတ်တဲ့စျေးနှုန်းကို ၅၀၀၀ ကျပ် ပေါင်းထည့်ပြီး စျေးနှုန်းသတ်မှတ် အရောင်းအ၀ယ် ပြုလုပ်ရမှာဖြစ်ပါတယ်။

ဒါပေမဲ့ လက်တွေ့ မြေပြင်စျေးကွက်မှာတော့ YGEA ရဲ့ အဲဒီသတ်မှတ်စျေးနဲ့ ဈေးကွက်အတွင်း ရောင်းချခြင်းမရှိဘူးလို့  ရွှေ၀ယ်ယူစုဆောင်းသူတွေထံက သိရပါတယ် ။

“ပြီးခဲ့တဲ့ရက်ပိုင်းကဆို YGEA ရဲ့ သတ်မှတ်စျေးက တစ်ကျပ်သားကို ၁၉၄၆၀၀၀ လောက်ထိ ပြန်ကျသွားတယ်။ အဲဒီဈေးနဲ့ ဝယ်ချင်တဲ့သူတွေ များတယ်။ ဒါပေမဲ့ ရွှေဆိုင်တွေက မရောင်းဘူး။ စျေးကို ဟန်ပြပဲ တင်ထားကြတာ။ အလျော့တွက်ပါတဲ့ ရွှေအချောထည်တွေပဲ ရောင်းတယ်” လို့ ရွှေဝယ်ယူစုဆောင်သူ တစ်ဦးက ပြောပါတယ်။

သတ်မှတ်ထားတဲ့ ရည်ညွှန်းစျေးနဲ့သာ အသင်းရုံးအတွင်း  အရောင်းအဝယ် ပြုလုပ်ခွင့်ရှိကြောင်း ဒီနေ့ မေ ၁၆ ရက်နေ့မှာ YGEAက ထပ်မံ အသိပေးချက် ထုတ်ပြန်ထားပါတယ်။

အသင်းရုံးခန်းပြင်ပမှာ အရောင်းအဝယ် ပြုလုပ်ပါက အသင်းစည်းကမ်းနဲ့အညီ အရေးယူမယ်လို့ လည်း ထုတ်ပြန်ထားပါသေးတယ်။

ဒီနေ့မှာ YGEA ရဲ့ သတ်မှတ်စျေးနှုန်းက တစ်ကျပ်သားကို ကျပ် ၁ သိန်းဝန်းကျင်အထိ အတက်ကြမ်းခဲ့ပေမဲ့  ကမ္ဘာ့ရွှေစျေးကတော့ ကျဆင်းနေပါတယ်။

ပြီးခဲ့တဲ့ မေ ၁၃ ရက်မှာ ကမ္ဘာ့ရွှေ ၁ ထရိုင်အောင်စကို ၁၈၂၆ ဒေါ်လာရှိခဲ့ပြီး၊ ဒီနေ့ မေ ၁၆ ရက်မှာ  ၁ ထရိုင်အောင်စကို  ၁၈၀၅ ဒေါ်လာကို  ပြန်လည်ကျဆင်းခဲ့တာ တွေ့ရပါတယ်။

10 months Ago
Up