close

မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲ

close

March 12, 2022

ပခုက္ကူမြို့ မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲ မန်နေဂျာကို စစ်ကောင်စီက ဖမ်းဆီး

မကွေးတိုင်း၊ ပခုက္ကူမြို့က မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲရဲ့ မန်နေဂျာ အမျိုးသမီး ၁ ဦးကို မတ် ၁၁ ရက်ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပခုက္ကူမြို့ အမှတ် ၈ ရပ်ကွက်၊အာဇာနည်လမ်းမှာနေထိုင်တဲ့ မြန်မာ့ရှေ့ဆောင်ဘက်ခွဲရဲ့ မန်နေဂျာ ဒေါ်ခင်နှောင်းနှောင်းကို မနေ့က ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားတာလို့  ဒေသခံတစ်ယောက်က ပြောပါတယ်။

မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲမန်နေဂျာ ဒေါ်ခင်နှောင်းနှောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ငွေတိုက်စာချုပ်တွေ လုပ်ပေးတဲ့ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်ဆီးသွားတာဖြစ်ပြီး နေအိမ်ကိုလည်း ချိတ်ပိတ်မယ်လို့ သိရပါတယ်။

ပခုက္ကူမြို့မှာ မတ် ၈ ရက်ကလည်း စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ စွပ်စွဲ ခံရတဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ် ၅ လုံးကို လာရောက်ချိတ်ပိတ် သွားတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပခုက္ကူမြို့က ဒေသခံပြည်သူတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး မကြာခဏ မတရားသဖြင့် ဖမ်းဆီးကာ နေအိမ်တွေကို လိုက်လံချိတ်ပိတ်တာတွေ ဆက်တိုက်ပြုလုပ်နေ တယ်လို့ သိရပါတယ်။

1 min Ago
Up