ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲမှာ ဇွန်လ ၁၄ ရက် မနက်စောစောက သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၇ ဦးကို ဖမ်းဆီးရမိတယ်လို့ အာဆီယံထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဒီနေ့မနက်စောစောက ထိုင်းစစ်တပ်နဲ့ ရဲတွေ နယ်စပ်တလျှောက် လုံခြုံရေးစောင့်ကြပ်နေစဉ် မဲဆောက်မြို့ ထာ့ဆိုင်လွတ်ရပ်ကွက်၊ ဝမ့်တခိန်းတိုက်ရွာနားမှာ မိုးသည်းထန်တဲ့ ကြားက သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းဘက်ကူးလာတဲ့ လူတစ်စုကို တွေ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးရာမှာ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၄ ဦးနဲ့ ကလေး ၁ ဦး ဝင်ရောက်လာသူစုစုပေါင်း ၁၇ ဦး ရှိပြီး အလုပ်လုပ်ဖို့လာဲ့ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့အားလုံးမှာ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတဲ့ အထောက်အထားစာရွက်စာတမ်းဘာမှမရှိလို့ ကိုဗစ်-၁၉ ကာကွယ်ရေး ကိုယ်ပူချိန်အရင်တိုင်းပြီးတာနဲ့ လိုအပ်သလို ဆက်လက်အရေးယူဖို့ မဲဆောက်မြို့နယ် လဝကရဲစခန်းကို ဆက်လက် ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
ကိုးကား # AEC Asian News