close

မြန်မာ ၂၀

close

September 16, 2022

တာ့ခ်ခရိုင်တွင် တရားမဝင် မြန်မာ ၂၀ ကျော် ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မယ်လမတ်မြို့နယ်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၀ ကျော်နဲ့ သူတို့ကိုတင်ဆောင်လာတဲ့ ကားနဲ့ ဆိုင်ကယ်တွေပါ ဖမ်းဆီးခံရတယ်လို့ AEC အာဆီယံထိုင်းသတင်းမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ တရားမဝင် ဝင်ရောက်လာမှု ရှိမယ့်အကြောင်း ကြိုတင်သတင်းရထားချက်အရ ထိုင်းစစ်တပ်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်၊ ကျေးရွာလုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ နယ်စပ်လမ်းကြောင်းတလျှောက် လိုက်လံစစ်ဆေးစဉ် ဒီကနေ့မနက် ဝေလီဝေလင်းအချိန်မှာတော့ မယ်လမတ်မြို့နယ် ဆာမ်မိန်ကျေးရွာအုပ်စု ဘန့်တင်ထတ်နဲ့ ဘန့်ဖနိကိကြား လမ်းပေါ်မှာရော၊ ဘန့်ဖရထတ်နဲ့ ဘန့်ဆမ်မိန်ရွာကြားမှာပါ တရားမဝင် ဝင်လာသူတွေ တင်ဆောင်လာတဲ့ ဆိုင်ကယ် ၅ စီးပေါ်ကနေ အမျိုးသမီး ၆ ယောက်နဲ့ အမျိုးသား ၁ ယောက်တို့ကို ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။

ဆိုင်ကယ် ၅ စီး မောင်းလာသူတွေကတော့ တောင်ပေါ်သားကတ်ကိုင်ဆောင်သူ ၄ ယောက်နဲ့ ထိုင်းနိုင်ငံသား ၁ ယောက်တို့ဖြစ်ပြီး တရားမဝင် ဝင်လာသူ ၁ ယောက်ကို ဘတ် ၃,၅၀၀ နဲ့ တင်လာကြောင်း ဝန်ခံထားတယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

အဆိုပါအုပ်စုထဲမှာပဲ နောက်ထပ် ဟိုင်းလပ်ကား ၁ စီးပေါ်ကနေ တရားမဝင် မြန်မာအမျိုးသမီး ၆ ယောက်၊ အမျိုးသား ၉ ယောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

နယ်မြေထဲမှာ မသင်္ကာဘွယ် မီးခိုးရောင် ဟိုင်းလပ်ကား ၁ စီး မောင်းနှင်လာစဉ် စစ်ဆေးရေးဂိတ်ကို ဖြတ်ပြီး ထွက်ပြေးမှာစိုးလို့ တာဝန်ရှိသူတွေက ကား ၂ စီးနဲ့ အရှေ့ကနေ ပိတ်ရပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဟိုင်းလပ်ကားဟာလည်း စစ်ဆေးရေးဂိတ်မရောက်ခင် ရပ်လိုက်ပြီး ကားမောင်းသမားက တံခါးဖွင့်ကာ တောထဲကို ဝင်ရောက်ထွက်ပြေးသွားကြောင်း၊ သွားရောက်စစ်ဆေးရာမှာ ကားအရှေ့ပိုင်းမှာ အမျိုးသမီး ၅ ယောက်၊ အနောက်ဘက်မှာ အမျိုးသား ၉ ယောက် လိုက်ပါလာတယ်လို့ ဆိုပါတယ်။

စစ်ဆေးချက်အရ သူတို့ဟာ မြန်မာပြည်ကနေ ထိုင်းမှာ အလုပ်လာလုပ်ဖို့ ပွဲစားကို တယောက် ဘတ် ၂၀,၀၀၀ မှ ၂၇,၀၀၀ ထိ ပေးခဲ့ရတယ်လို့ ပြောသွားပါတယ်။

57 mins Ago
Up