close

မြရည်နန္ဒာ

close

October 27, 2022

မန္တလေး မြရည်နန္ဒာတိုက်ခန်းပေါ်မှ အမျိုးသမီး ၁ ဦး ခုန်ချသေဆုံး

မန္တလေး၊ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာတိုက်ခန်း မမ (၂၆) တိုက် (၁၄) မှာ အမျိုးသမီးတယောက် တိုက်ပေါ်က ခုန်ချသေဆုံးခဲ့တယ်လို့ မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့ ကနေ သိရပါတယ်။

အောက်တိုဘာ ၂၆ ရက် မနက်ပိုင်းက ခုန်ချခဲ့တာဖြစ်ပြီး သေဆုံးသူ အမျိုးသမီးဟာ အသက် ၃၀ ဝန်းကျင်ရှိကာ ကားဂိတ်ဝန်ထမ်းဖြစ်တယ်လို့ သိရပါတယ်။

မြရည်နန္ဒာတိုက်ပေါ်ကနေ အမျိုးသမီးတယောက် တိုက်ပေါ်မှခုန်ချကြောင်းဖုန်းဆက် သတင်းပေးချက်အရ အခင်းဖြစ်ရာနေရာကို သွားရောက်ကူညီပေးခဲ့ပြီး  လူနာကို မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့တယ်လို့ မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ခုန်ချတဲ့ အမျိုးသမီးကို ဆေးရုံကိုတင်ပို့ရာမှာ  ဒဏ်ရာတွေကြောင့် လမ်းမှာဘဲ သေဆုံးသွားတဲ့အတွက် ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

2 hours Ago

January 11, 2020

ကျူးကျော်တဲ ၆၀ ခန့်ကို မန္တလေးစည်ပင် ဖယ်ရှား (ဓာတ်ပုံ)

မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာစီမံကိန်း‌မြေမှာ ပါဝင်နေတယ်ဆိုပြီး ချမ်းမြသာစည် မြို့နယ် (၄၅) လမ်း၊ စံပယ်လမ်း နဲ့ ယုဇနလမ်းကြားရှိ ကျူးကျော်တဲ ၅၉ လုံးကို ဇန်နဝါရီ ၁၁ ရက်နေ့ မနက်ပိုင်းမှာ မန္တလေးစည်ပင်က ဖယ်ရှားခဲ့ပါတယ်။ Photo - Kaung Zaw Hein  / MPA
3 years Ago
Up