close

မြဝတီမြို့နယ် အာရှလမ်းမကြီးတွင် ယာဉ်နှစ်စီး တိုက်မှုကြောင့် ၂၂ ဦး သေဆုံး

close

September 11, 2021

မြဝတီမြို့၌ လဝက ဝန်ထမ်းဟောင်း ၁ ဦးကို လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီး

မြန်မာ-ထိုင်းနယ်စပ်  ကရင်ပြည်နယ်၊ မြဝတီမြို့မှာ  လက်နက်ကိုင်ဆောင်တဲ့ အမျိုးသား ၁ ဦးကို ရဲနဲ့ စစ်တပ်အပါအဝင်ပူးပေါင်းအဖွဲ့တွေက  စက်တင်ဘာ ၁၁ ရက် ဒီနေ့မနက် ၁၁ နာရီလောက်မှာ ဖမ်းဆီးလိုက်ပါတယ်။

မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်၊ သံလမ်းနဲ့ ဂေါက်ကွင်းအရှေ့ဘက်  ချစ်ကြည်ရေးလမ်းမပေါ်ရှိ  ကောင်းကင်မိုးကွမ်းယာဆိုင်အနီးမှာ ခလရ ၂၇၅ စစ်တပ်၊ ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာတွေပူးပေါင်းပြီး ကိုမြင့်မောင်မောင်ဦးကို ရှာဖွေစစ်ဆေးရာ သူကိုင်ဆောင်ထားတဲ့  ပစ္စတို 9 MM တစ်လက်နဲ့ ကျည်ဆန် ၂ တောင့်ကိုတွေ့ရှိ  ဖမ်းမိသွားတာဖြစ်ပါတယ်။

ဖမ်းဆီးထားရတဲ့ ကိုမြင့်မောင်မောင်ဦးဟာ မြဝတီမြို့ မြန်မာ- ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁)မှာ   လဝက တာဝန်ထမ်းဆောင်ဖူးသူဖြစ်တယ်လို့လည်း ရဲသတင်းအရ သိရပါတယ်။

လက်နက်ကိုင်ဆောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးဘဲ လတ်တလော ကိုမြင့်မောင်မောင်ဦးကို မြဝတီမြို့မရဲစခန်းမှာ ဖမ်းဆီးထားပြီး  လက်နက်ဥပဒေ ပုဒ်မ ၁၉(စ)နဲ့ တရားစွဲသွားဖို့ ရှိနေပါတယ်။

6 mins Ago

January 3, 2020

မြဝတီမြို့နယ် အာရှလမ်းမကြီးတွင် ယာဉ်နှစ်စီး တိုက်မှုကြောင့် ၂၂ ဦး သေဆုံး 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အာရှလမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၅၈) နဲ့ (၁၅၉)ကြားမှာ Probox ယာဉ် ၁ စီးနဲ့ ခရီးသည်တင်မှန်လုံ Express ယာဉ် ၁ စီးတို့ တိုက်မိခဲ့တာကြောင့် သေဆုံးသူ ၂၂ ဦး ရှိသွားပြီဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီကနေ့ မနက် ၁၁ နာရီလောက်က ပရိုဘောက်ကားနဲ့ အလင်းရောင်မိုး ခရီးသည်တင်ကားတို့ တိုက်မှုဖြစ်ပွားခဲ့ပြီး အလင်းရောင်မိုး ခရီးသည်တင်ကားဟာ ချောက်ထဲပြုတ်ကျခဲ့တာပါ။ အဆိုပါယာဉ်တိုက်မှုကြောင့် Probox ယာဉ်ပေါ်ပါ ကျား ၂ ဦး၊ မ ၅ ဦး၊ စုစုပေါင်း ၇ ဦး သေဆုံးပြီး ခရီးသည်တင်မှန်လုံ Express ယာဉ်ပေါ်ပါ ၃၅ ဦးအနက် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၁၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ မြဝတီ၊ သင်္ဃန်းညီနောင်နဲ့ ကော့ကရိတ်မြို့နယ်မီးသတ်စခန်းတွေက မီးသတ်ယာဉ် ၂ စီး၊  ရှာဖွေကယ်ဆယ်ရေးယာဉ် ၂ စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၃၅ ဦးတို့က ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ သေဆုံးသူ အများစုဟာ ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ကြမယ့် မြန်မာ အလုပ်သမားတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။
2 years Ago
Up