close

မြိတ်ခရိုင်

close

March 20, 2022

မြိတ်ခရိုင်တွင် ၂ ရက်ဆက်တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၄ ဦးသေဆုံး

မြိတ်ခရိုင်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

မြိတ်မြို့နယ်၊ လသာကျေးရွာအနီးနယ်ခြားမှာ မတ် ၁၈ ရက်နေ့လယ်ပိုင်းက ဂိတ်ကြေးကောက်ခံနေတဲ့ ရဲတွေကို ဘက်မလိုက်ပြောက်ကျားအဖွဲ့က တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

အဆိုပါ အပြန်အလှန်ပစ်ခတ်မှုမှာ ဒုရဲအုပ် ၁ ဦးသေပြီး ရဲ ၃ ဦးဒဏ်ရာရရှိခဲ့ကာ လက်နက် ၂ လက် သိမ်းဆည်းရမိခဲတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီဘက်က စစ်ကူရောက်လာကာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ဘက်မလိုက်ပျောက်ကျားအဖွဲ့က ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။ 

ဒါ့အပြင် တနင်္သာရီမြို့နယ်၊ တကူကျေးရွာမှာရှိတဲ့ ကိုးအင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ဘက်မလိုက်ပြောက်ကျားအဖွဲ့တို့ မတ် ၁၉ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။ 

အဲဒီလိုတိုက်ပွဲ​ဖြစ်ပွားနေတဲ့အချိန် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၁ လုံး ခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မြိတ်ခရိုင်အတွင်း တိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရမှုအခြေအနေကို စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

7 mins Ago

October 13, 2019

မိုးတွင်းကာလ ရပ်နားထားသည့် မြိတ်ခရိုင် ကျွန်းလည်ပတ်ခရီးစဉ်များ ပြန်လည်စတင်

မိုးတွင်းကာလမှာ ရပ်နားထားတဲ့ မြိတ်ခရိုင်အတွင်းက ကျွန်းလည်ပတ်တဲ့ ခရီးစဉ်တွေကို အောက်တိုဘာလ ဆန်းကနေစပြီး ပြန်လည်စတင်နေပါတယ်။ ၂၀၁၉-၂၀၂၀  အတွက် မြိတ်ခရိုင်အတွင်းက ခရီးသွားရာသီဖွင့်ပွဲကို အောက်တိုဘာလ ၁၂ ရက်နေ့က မြိတ်မြို့ ကမ်းနားလမ်းက ဆိပ်ငယ်တံတားမှာ ပြုလုပ်ခဲ့ပါတယ်။  မြိတ်ခရိုင်အတွင်းက ကျွန်းလည်ပတ်တဲ့ ခရီးစဉ်တွေကို ပင်လယ်ပြင် ရာသီဥတု အခြေအနေကြောင့် မိုးတွင်းကာလမှာ ရပ်နားထားခဲ့တာပါ။  မြိတ်ဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ဖို့အတွက်ကိုလည်း အစိုးရအဖွဲ့က ဘတ်ဂျက်ငွေသုံးပြီး လုပ်ဆောင်ဖို့ရှိသလို နိုင်ငံတကာက ခရီးသွာပြပွဲတွေမှာလည်း မြိတ်ကျွန်းစုနဲ့ပတ်သက်လို့ စိတ်ဝင်စားမှုရှိနေတယ်လို့ တိုင်းဒေသကြီး ဟိုတယ်နဲ့ခရီးသွားလာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညိုအေးက ပြောပါတယ်။ တနင်္သာရီတိုင်းအတွင်းက ကျွန်းခရီးစဉ်တွေမှာ ကော့သောင်းခရိုင်အတွင်းက ကျွန်းတွေကိုတော့ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်တာများပြီး ပြည်တွင်းခရီးသွားတွေကတော့ မြိတ်ခရိုင်အတွင်းက ကျွန်းတွေကို လာရောက်မှုများကာ ဒီနှစ်မှာတော့ ခရီးသွားဧည့်သည် နှစ်ဆတိုးလာဖို့ မှန်းထားတယ်လို့  မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာ သိန်းဆွေမြင့်က ပြောပါတယ်။ အခုနှစ်မှာ ခရီးသွားဧည့်သည်တွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီးအလေးထားဖို့ ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားထားသလို သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့လည်း ဂရုတစိုက်ဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့ ဦးညိုအေးက ဆိုပါတယ်။ တနင်္သာရီတိုင်းအတွင်းမှာ ကျွန်းပေါင်း ၈၀၀ ကျော်ရှိပြီး ၂၀၁၆ ခုနှစ်ကစတင်လို့ တစ်နှစ်ကို ခရီးသွားဧည့်သည် ၃ သိန်းကျော်ဝင်ရောက်ကာ နှစ်စဉ် ခရီးသွားဧည့်သည်အရေတွက် တိုးပွားလာနေတယ်လို့လည်း သိရပါတယ်။
2 years Ago
Up