close

မြိတ်-ထားဝယ်

close

March 15, 2022

မြိတ်-ထားဝယ်ခရိုင်တိုက်ပွဲ၌ စစ်ကောင်စီဘက်က ၅ ဦးခန့်သေပြီး လက်နက်များ သိမ်းဆည်းရမိ

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၄ နယ်မြေ မြိတ်-ထားဝယ်ခရိုင် ဝါကလားကျေးရွာမှာ မတ်လ ၁၃ ရက်က စစ်ကောင်စီလက်အောက်ခံ ခလရ ၂၆၇ နဲ့ KNDO ကရင်တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားပြီး  စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။

စစ်ကောင်စီတပ်သားတွေက  ဝါကလားကျေးရွာကနေ ဘောတီနယ်စပ်ကို အရပ်ဘက်ကား ၂ စီးနဲ့တက်သွားနေစဉ် KNDO ဗိုလ်အယ့်ခွီးဦးဆောင်တဲ့တပ်နဲ့  ၁ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိအပါအဝင်  ၅ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရှိခဲ့သလို   MA2 ၄ လက်၊ ၆၀ မမ ၂ လက်၊   RPG ၁ လက်နဲ့ ပစ်စတို ၁ လက်အပြင် လက်ပစ်ဗုံးနဲ့ မိုင်းတွေကိုပါ  KNDO ဘက်ကသိမ်းဆည်းရမိခဲ့ပါတယ်။

3 mins Ago
Up