close

မြိုင်မြို့နယ်

close

May 7, 2023

မြောင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ မြိုင်မြို့နယ်တွင် ဒရုန်းဖြင့် ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ မေ ၆ ရက် ညနေပိုင်းက စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက် သေဆုံးသူများပြားနိုင်တယ်လို့ မြင်းခြံကျားနက်တပ်ဖွဲ့ MBT ကနေသိရပါတယ်။

မနေ့ ညနေ ၄ နာရီကျော်လောက်က  စစ်ကောင်စီစစ်ကြောင်းကို သနပ်ကုန်ရွာ တံတားနားမှာ လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ MBT ရဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြော ပါတယ်။

“ကျောက်ရစ်ရဲစခန်းက အင်အား ၅၇ ယောက်လောက်နဲ့ သွားခေါ်တာ။ အဲဒီစစ်ကြောင်းကို သနပ်ကုန်ရွာ တံတားနားကစောင့်ကြိုတိုက်ခိုက်ခဲ့တာ။ စစ်ကောင်စီဘက်က ၂၀ ယောက် လောက် သေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရခဲ့တယ်”

တိုက်ခိုက်မှုကို MBT၊ PSF၊ MGN 9 Star၊ RBDFနဲ့ မဟာမိတ်တပ်ရင်း တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး  ရဲဘော်တွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ဆိုပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့  မြင်းခြံကျားနက်တပ်ဖွဲ့ MBT ရဲ့အပြောသာရှိပြီး သီးခြား အတည် မပြုနိုင် ပါဘူး။

မကွေးတိုင်း မြိုင်မြို့နယ်မှာလည်း  သရက်ကွရွာမှာရှိတဲ့ စစ်ကောင်စီတပ်ကို   မေ ၅ ရက် ညနေ ၃ နာရီခွဲက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့  ပခုက္ကူမြို့နယ် ပကဖ က သိရပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ထိခိုက်သေဆုံးသူရှိနိုင်ပေမဲ့ အရေတွက်အတိကျမသိရသေးတာကြောင့် ဆက်လက်စုံစမ်းနေတယ်လို့ ပခုက္ကူပကဖရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ အတီးက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း ညီနာင်မဟာမိတ်တပ်ဖွဲ့ကရဲဘော်တွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ ပြောပါတယ်။ မေ ၄ ရက် မနက်ပိုင်းကလည်း မြိုင်မြို့နယ်မှာ ပခုက္ကူပကဖအပါဝင် ပူးပေါင်းတပ်ဖွဲတွေက စစ်ကောင်စီကားတစီးကို တိုက်ခိုက်ခဲ့လို ထိခိုက်သေဆုံးသူများပြားနိုင်တယ်လို့ ပခုက္ကူပကဖက သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့  စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို သီးခြားအတည်မပြုနိုင်ခြင်းလည်း မရှိပါဘူး။

3 hours Ago

May 5, 2023

ထီးလင်း၊ ရေစကြိုနှင့် မြိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ မေလ ၄ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၇ ယောက်လောက် သေဆုံးခဲ့တယ်လို့ ဂန့်ဂေါခရိုင် တပ်ရင်း ၁၅၊ ၁၆၊ ၁၇ YRA-ထီးလင်းကနေ သိရပါတယ်။

မနေ့ မနက် ၈ နာရီခွဲလောက်မှာ ကျောက်ထုဘက်ကနေ အင်အား ၇၀ လောက်နဲ့ ထွက်လာတဲ့ စစ်ကြောင်းဟာ ရွှေအောင်သာကိုရောက်တော့ ရွှေအောင်သာအထိုင်တပ်နဲ့ ပြန်ပေါင်းလိုက်တဲ့ အတွက် အင်အား ၁၄၀ လောက်ရှိမယ်။ အဲဒါနဲ့ အောင်း(မြောက်ရွာ) အရှေ့ဘက်နား ရောက်တော့ ကျနော်တို့ YRA အဖွဲ့ရယ်၊ YNRF အဖွဲ့ရယ် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်” လို့ YRA (ထီးလင်း) ခေါင်းဆောင် သခင်ဇော်က ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၇ ယောက် သေဆုံးခဲ့တယ်လို့ မြေပြင်တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ရဲဘော်တွေရဲ့ ပြောပြချက်အရ သိရပြီး ဒဏ်ရာရတဲ့သူတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

မိနစ် ၂၀ လောက် တိုက်ပွဲ အပြင်းထန် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲပြင်းထန်နေချိန်မှာပဲ ဂျက်ဖိုက်တာ တစီး ဝဲလာတာကြောင့် တိုက်ပွဲကို ရပ်နားလိုက်ရတယ်လို့ ဆိုပါတယ်။

ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာတဲ့ အချိန်မှာလည်း လက်နက်ကြီးနဲ့ ၇ ချက် ကာပစ်ပေးတဲ့အတွက် စစ်ကောင်စီတပ်သားတွေ အုပ်လိုက်ရှိတဲ့နေရာကို ကျရောက်ပေါက်ကွဲခဲ့လို့ ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ပြောပါတယ်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့မှာ မေလ ၄ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၁ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံကျားနက်တပ်ဖွဲ့ (MBT) ကနေ သိရပါတယ်။

ရေစကြိုမြို့၊ အမှတ် ၂၊ စည်ပင်သာယာရပ်ကွက်က စုပေါင်းရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို မနေ့ မေ ၄ ရက် ညနေ ၅ နာရီလောက်မှာ ပြောက်ကျားနည်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ MBT ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ အတွင်းသတင်းပေးတွေဆီကနေ သိရတယ်လို့ ဆိုပါတယ်။

ရေစကြိုမြို့နယ်မှာ ဧပြီ ၃၀ ရက် မနက်ပိုင်းနဲ့ မွန်းလွဲပိုင်းတွေမှာလည်း စစ်ကောင်စီတပ်သားတွေ ၂ နေရာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖကနေ သိရပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာလည်း မေလ ၄ ရက် မနက်ပိုင်းက စစ်ကောင်စီကားတစီး တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ များပြားနိုင်တယ်လို့ မြိုင်ပကဖ ကနေ သိရပါတယ်။

မြိုင်မြို့နယ် စက်မှု ၂ ကနေ စစ်ကောင်စီတပ်သား အင်အား ၅၀ လောက်နဲ့ ထွက်လာတဲ့ အဖြူရောင်ဖောကားတစီးကိုအနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင် ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် ဖောကားက ညာဘက်ခြမ်းကို ထိုးကျသွားပြီး ထိခိုက်သေဆုံးသူ များပြားနိုင်ကာ ကင်းပုန်းတွေရယ်၊ စက်မှု ၂ နဲ့ မြိုင်မြို့ဘက်က စစ်ကူတွေ လိုက်လာလို့ ကားကိုတော့ မသိမ်းပိုက်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲဖော်ဆောင်နေတဲ့ အချိန်မှာလည်း သရက်ကွ ပျူစောထီးရွာကို လက်နက်ကြီးတွေနဲ့ ၁၀ ချက်လောက် ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကအဖွဲ့ဝင်တွေဖြစ်တဲ့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ ဇေယျာသီအဖွဲ့၊ အညာမြေအဖွဲ့၊ ချင်းတွင်းပြောက်ကျားတပ်ဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း-၁၃၊ စကော်ပီယံအဖွဲ့၊ MVP အဖွဲ့နဲ့ MRTF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

မြိုင်မြို့နယ်မှာ မေ ၂ ရက် မနက်ကလည်း ရဲနဲ့ ပျူစောထီးတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲတပ်ကြပ် ၁ ယောက် အပါအဝင် ၂ ယောက် သေဆုံးကာ ၁ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပကဖကနေ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

2 days Ago
Up