close

မြို့ကောင်စီရွေးကောက်ပွဲ

close

November 25, 2021

ABSDF ဆေးတပ်ဖွဲ့ဝင်ဟောင်း ၁ ဦး ဩစတြေးလျတွင် မြို့ကောင်စီရွေးကောက်ပွဲ ဝင်ပြိုင်မည်

ဩစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးပြည်နယ်၊ Coffs Harbour မြို့ကောင်စီရွေးကောက်ပွဲမှာ ABSDF  ဆေးတပ်ဖွဲ့ဝင်ဟောင်း မန္တလေးသား ကိုထွန်းထွန်းဦး ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိပါတယ်။ 

ကိုထွန်းထွန်းဦးဟာ သြစတြေးလျနိုင်ငံကို  ၂၀၀၃ ခုနှစ်က ရောက်ရှိလာပြီး Coffs Harbour မြို့ Southern Cross တက္ကသိုလ်က သူနာပြုဒီဂရီရရှိခဲ့သူဖြစ်ပြီး လက်ရှိ  Coffs Harbour ဆေးရုံ အထူးကြပ်မတ်ကုဌာန (ICU) မှာ တာဝန်ထမ်းနေသူလည်း ဖြစ်ပါတယ်။

Coffs Harbour မြို့အတွက် သူ့ အတွေ့ကြုံတွေနဲ့ ပြန်လည်ပေးဆပ်လိုတဲ့အတွက် အခုလို မြို့ကောင်စီရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ကိုထွန်းထွန်းဦးဟာ  ၈၈၈၈ အရေးတော်ပုံကြီးမှာ မွေးဇာတိ မန္တလေးကနေ ပါဝင်လှုပ်ရှားခဲ့ပြီး နောက်ပိုင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကျောင်းသားတပ်မတော်မှာ ဆေးတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

43 seconds Ago
Up