close

မြို့တော်ဝန်

close

March 29, 2022

အစ်ပင်မြို့ကို ရုရှားတပ်များထံမှ ပြန်သိမ်းပိုက်နိုင်ပြီဟု မြို့တော်ဝန်ပြော

ယူကရိန်းမြို့တော် ကိယက်ဗ်နဲ့ ကပ်လျက်ရှိတဲ့ အစ်ပင်မြို့ကို ယူကရိန်းတပ်ဖွဲ့တွေက အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီလို့ အစ်ပင်မြို့တော်ဝန်က ပြောပါတယ်။ 

အစ်ပင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရုရှားတပ်တွေနဲ့ နှစ်ဘက် အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့တာပါ။

မြို့တော်ဝန် အိုလက်ဆန်ဒါက အစ်ပင်မြို့ လွတ်မြောက်သွားပေမဲ့ နောက်ထပ်တိုက်ခိုက်မှုတွေ လာနိုင်တာကြောင့် ဆက်ပြီး ကာကွယ်သွားမယ်လို့ ပြောပါတယ်။ 

ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှု တလကျော်အတွင်း ယူကရိန်းဒုက္ခသည် ၃ သိန်းနီးပါး အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေး ခိုလှုံခဲ့ကြရတာပါ။ 

7 mins Ago

October 5, 2021

ကယ်လီဖိုးနီးယားကမ်းရိုးတန်း ရေနံယိုစိမ့်မှု ကပ်ဆိုးကြီးဖြစ်ကြောင်း မြို့တော်ဝန်ပြော

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားကမ်းရိုးတန်း တောင်ပိုင်းမှာ ရေနံအကြီးအကျယ် ယိုဖိတ်မှုဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဆိုးကြီးပဲလို့ ဟန်တင်တွန်ကမ်းခြေရှိရာ မြို့တော်ဝန်က အောက်တိုဘာ ၃ ရက်မှာ ပြောလိုက်ပါတယ်။

ရေနံပိုက်လိုင်း ကျိုးပေါက်မှုကြောင့် ရေနံတွေ ယိုစိမ့်ခဲ့လို့ ငါးတွေ၊ ငှက်တွေ သေဆုံးပြီး သဲသောင်ပေါ်မှာ တင်နေတာပါ။

ကမ်းရိုးတန်းက စိမ့်မြေတွေမှာလည်း ရေနံတွေ ပေကျံနေပါတယ်။ ခန့်မှန်းခြေ ရေနံစိမ်းစည် ၃,၀၀၀ ဒါမှမဟုတ် ဂါလန်ပေါင်း ၁၂၆,၀၀၀ လောက် ယိုဖိတ်ပြန့်ဆင်းခဲ့လို့ ပစိဖိတ်သမုဒ္ဒရာ ရေမျက်နှာပြင် ၁၃ စတုရန်းမိုင်လောက် ဧရိယာကို ရေနံလွှာ ဖုံးအုပ်သွားပါတယ်။

လော့စ်အိန်ဂျလိစ်မြို့ တောင်ဘက် မိုင် ၄၀ အကွာက ကမ်းခြေမြို့လေးဟာ ရေနံယိုဖိတ်မှု ဒဏ်ကို ခါးစည်းခံနေရပါတယ်။

ရေနံပြင်ကြီးဟာ လှိုင်းစီးသူတွေ နေပူဆာလှုံသူတွေကြားမှာ ကျော်ကြားတဲ့ ဟန်တင်တွန် ကမ်းခြေကနေ နယူးပို့ထ်ကမ်းခြေထိ ပြန့်နေခဲ့ပါတယ်။

ရေနံတူးစင်ကို ဟူစတန်မြို့ အခြေစိုက် အမ်ပလီဖိုင်းစွမ်းအင် ကော်ပိုရေးရှင်းရဲ့ ဘီတာ ကမ်းလွန်လုပ်ငန်းက လုပ်ငန်းလည်ပတ်နေပါတယ်။ ရေနံယိုဖိတ်ရတဲ့ အကြောင်းရင်းကိုရော ဘယ်လို ရေနံအမျိုးအစား ပါဝင်လဲ ဆိုတာကို စုံစမ်းစစ်ဆေးနေပြီလို့ အရာရှိတွေက ပြောထားပါတယ်။

6 months Ago
Up