close

မြို့နယ်ပညာရေးမှူးရုံး

close

February 22, 2023

မော်လိုက်မြို့နယ် ပညာရေးမှူးရုံး မီးလောင်ပြာကျ

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့ရှိ မြို့နယ်ပညာရေးမှူးရုံး ဖေဖော်ဝါရီ ၂၁ ရက် မနက်အစောပိုင်း ၂ နာရီဝန်းကျင်မှာ မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံတဦးက “မီးက ဘယ်လိုကြောင့်လောင်မှန်းတော့ မသိဘူးဗျ။ လမ်းကပြင်နေတော့ မီးသတ်ကားက အတော်နဲ့ ဝင်မရဘူး။ ဝင်လို့ရတော့ ရုံးကပြာကျနေပြီ” လို့ ပြောပါတယ်။

မီးလောင်ပြာကျမှ မီးသတ်ကားဝင်လို့ရသွားကာ ပညာရေးမှူးရုံးနဲ့ ကိုက် ၅၀ လောက် အကွာအဝေးမှာ စစ်တပ်နဲ့ ပျူစောထီး လုံခြုံရေးကင်းတဲ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပညာရေးမှူးရုံး မီးလောင်ခဲ့လို့ စနစ်သစ် Grade-11 တွေ စာမေးပွဲဖြေလို့ပြီးပေမဲ့ ဆယ်တန်းစနစ်‌ဟောင်းတွေရဲ့ ဖောင်ကတ်တွေကတော့ မီးထဲ အကုန်ပါသွားတယ်လို့ မြို့ခံ‌တွေထံက သိရပါတယ်။

3 mins Ago

April 25, 2022

မြန်အောင်မြို့နယ်ပညာရေးမှူးရုံး အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံရ

ဧရာဝတီတိုင်း မြန်အောင်မြို့နယ်က  မြို့နယ်ပညာရေးမှူးရုံးကို နဂါးနီတော်လှန်ရေးတပ်ဖွဲ့က ဧပြီ ၂၄ ရက်ည ၈ နာရီ ၄၀ မိနစ်မှာ အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်တယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီကျွန်ပညာရေး အားဆန့်ကျင်တဲ့အနေနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ရုံးအတွင်း ထိခိုက်ပျက်စီးမှုတော့ ရှိပြီး လူထိခိုက်မှုကို အတည်ပြုဖို့ ခက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နဂါးနီတော်လှန်ရေးအဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့   သက်ရှိ၊ သက်မဲ့ဒေါက်တိုင်တွေကို တိုက်ခိုက်မှာဖြစ်လို့  ဒေသခံတွေအနေနဲ့ သူတို့တွေနဲ့ မဆက်ဆံဖို့ သတိပေးထားပါတယ်။

မြန်အောင်မြို့နယ် ငှက်ကြီးကွင်းအုပ်စု မြေပြာသရက်ကုန်းရွာက မိုင်တဲတာဝါတိုင်ကို  ဧပြီ ၂၂ ရက် ညမှာ “ဧရာဝတီဒေါင်းတမာန်” ဆိုတဲ့ အဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။

10 months Ago
Up