close

မြို့နယ်ဘောလုံးကွင်း

close

February 15, 2022

ဗန်းမော်မြို့ရှိ မြို့နယ်ဘောလုံးကွင်းတွင် ဗုံးကွဲ

ကချင်ပြည်နယ် ၊ ဗန်းမော်မြို့ရှိ မြို့နယ်ဘောလုံးကွင်းမှာ ဖေဖော်ဝါရီ ၁၄ ရက် ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

ဘောလုံးအားကစားပြိုင်ပွဲတွေ ကျင်းပဖို့  စစ်ကောင်စီက စီစဉ်နေချိန် မြို့နယ် ဘောလုံးကွင်းအတွင်းမှာ မနေ့ ညနေ ၆  နာရီခွဲလောက်က  ဗုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတွေထံက သိရပါတယ်။

“အားကစားကွင်းထဲမှာ  ဘောလုံးပွဲကျင်းပဖို့ ပြင်ဆင်နေကြတယ်။ ဗုံးပေါက်တဲ့အချိန်မှာတော့ ကွင်းထဲ လူအများကြီး မရှိဘူး။ ဗုံးအသံက အတော်ကျယ်တယ်။ ဗုံးပေါက်တဲ့နေရာက ကြံ့ခိုင်ရေးရုံးဘက်ခြမ်းမှာ လူ ထိခိုက်တာတော့မရှိဘူး” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ကား ဗန်းမော် ၃ မိုင်ကွက်သစ် အောင်ပင်လယ် စားသောက်ဆိုင်အနီးမှာ ဗုံးပေါက်ကွဲခဲ့လို့ တပ်ဖွဲ့ဝင်တယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။ 

2 mins Ago
Up