close

မြို့နယ်ရဲမှူး လုံခြုံရေး

close

May 11, 2022

ကျောင်းကုန်းမြို့တွင် မြို့နယ်ရဲမှူးလုံခြုံရေးအတွက် ပျူစောထီးများကို ကင်းချထား

ဧရာ၀တီတိုင်း၊ ကျောင်းကုန်းမြို့မှာ မြို့နယ်ရဲတပ်ဖွဲ့မှူးဟာ လိုင်းပေါ်ကနေ ခြိမ်းခြောက်ခံရပြီးနောက်ပိုင်း ပျူစောထီးအဖွဲ့ဝင်တွေကို ကင်းစောင့်ခိုင်းထားတယ်လို့ သိရပါတယ်။

ပျူစောထီးအဖွဲ့ဝင်တွေကို တနေ့ ကျပ် ၁၀,၀၀၀ ပေးကာ မြို့နယ်ရဲမှူး လုံခြုံရေးအတွက် အရပ်ဝတ်တွေနဲ့  ညပိုင်းမှာ လုံခြုံရေး စောင့်ခိုင်းထားတာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“အရပ်ဝတ်နဲ့ အဖွဲ့လိုက်ထားတာ တနေ့ တသောင်းပေးငှားတယ် ကြားတယ်၊ ၅ ယောက်လောက်ရှိမယ်။ သူတို့က ညလုံးပေါက်စောင့်ရတာ၊ နေ့ပိုင်း ရဲက အရပ်ဝတ်နဲ့ စောင့်တယ်၊ သူတို့က ညပိုင်းစောင့်တယ် အဲဒီလိုမျိုး” လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

မြို့နယ်ရဲတပ်ဖွဲ့မှူးလုံခြုံရေးအတွက် နေ့ခင်းပိုင်းမှာ နယ်ထိန်းရဲတပ်ဖွဲ့ဝင်တွေကို အရပ်ဝတ်နဲ့ လုံခြုံရေး စောင့်ခိုင်းသလို ညပိုင်းကနေ မနက်အထိ ပျူစောထီးအဖွဲ့ဝင်တွေကို ပိုက်ဆံပေးကာ လုံခြုံရေးစောင့်ခိုင်းထားတာလို့ ဆိုပါတယ်။

ဒါ့ပြင် ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်သားတွေထဲက လူလတ်ပိုင်းတွေကို လှည့်ကင်းအတွက် အသုံးပြုပြီး အသက်ကြီးတဲ့သူတွေကို ကျောင်းကုန်းထိပ်မှာ ကင်းစောင့်ခိုင်းတဲ့အပြင် တချို့နေရာတွေက အထိုင်ဂိတ်တွေမှာတော့ စစ်မှုထမ်းဟောင်းတွေကို ပြန်ခေါ်ခိုင်းထားတယ်လို့ သိရပါတယ်။

25 mins Ago
Up