close

မြို့နယ်အုပ်ချုပ်ရေးမှူး

close

August 24, 2021

တောင်တွင်းကြီး မြို့နယ်အုပ်ချုပ်ရေးမှူး ရာထူးက နုတ်ထွက်

တောင်တွင်းကြီးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူရှိန်းဟာ ရာထူးကနေ နုတ်ထွက်သွားတယ်လို့ ထွေအုပ်ရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။

ထွေအုပ်ရုံးနဲ့နီးစပ်သူတဦးက ''သြဂုတ်လ ၂၁ ရက်နေ့က ရုံးကဝန်ထမ်းတွေကို ဆန်၊ ဆီတွေ ဝေသွားတယ်။ သူ့ကျန်းမာရေးနဲ့ သူ့မိသားစုကျန်းမာရေးကြောင့် နုတ်ထွက်စာတင်ပြီး ခွင့်ပြုချက်ရလို့ ထွက်တာ” လို့ ပြောပါတယ်။

ဒီဗွီဘီက အတည်ပြုချက်ရယူဖို့ ဦးစည်သူရှိန်းဆီကို ဖုန်းဆက်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိခဲ့ပါဘူး။

ဦးစည်သူရှိန်းဟာ တောင်တွင်းကြီးမြို့နယ်၊ ​ထွေအုပ်ရုံးကို မတ်လပိုင်းက လက်ထောက်ညွှန်ကြားရေးမှူးရာထူးနဲ့ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တခုကနေ ပြောင်းရွှေ့လာတာဖြစ်ပြီး ဇူလိုင် ၈ ရက်နေ့က ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရ​ကြောင်း သိရပါတယ်။

ဗိဿနိုးနယ်​မြေပြည်သူ့ကာကွယ်​ရေးတပ်မ​တော်က ဇူလိုင်လထဲမှာ မြို့နယ်အုပ်ချုပ်​ရေးမှူး​ ဦးစည်သူရှိန်းရဲ့​နေအိမ်ကို ဗုံးခွဲတိုက်ခိုက်ပြီး ​နေအိမ်အနီးရှိ ရဲစခန်းအိမ်ရာဝန်းကို ဗုံး ၂ ကြိမ်​ဖောက်ခွဲတိုက်ခိုက်ခဲ့​ကြောင်း ထုတ်ပြန်ထားပါတယ်။

2 mins Ago
Up