close

မြို့ပေါင်း ၄၀၀

close

November 12, 2022

ကိုလံဘီယာတွင် မြစ်ရေလျှံ၊ မြို့ပေါင်း ၄၀၀ ခန့်ကို အနီရောင်အဆင့် သတိပေးချက်ထုတ်

ကိုလံဘီယာနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ ကောက်ကာ မြစ်ရေလျှံခဲ့ပြီးနောက်မှာ နိုင်ငံတဝန်းရှိ မြို့ပေါင်း ၃၉၀ ကျော်ကို ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားယူနစ်က အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားကြောင်း ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ 

ကိုလံဘီယာနိုင်ငံအနောက်ပိုင်း ကောက်ကာချိုင့်ဝှမ်းဒေသရှိ ဟွမ်ချီတိုမြို့က လမ်းတွေမှာ ဒူးဆစ်ထိ ရေမြုပ်နေပြီး မြို့ခံလူထုလည်း အပျက်အစီး အပိုင်းအစတွေကို လိုက်ကောက်ယူ နေကြပါတယ်။ ကလေးတွေလည်း ရွှံ့ရေတွေထဲ ပြေးလွှားကစားကြပါတယ်။

ကိုလံဘီယာသမ္မတ Gustavo Pedro ကတော့ သူ့နိုင်ငံဟာ နှစ်ပေါင်း ၄၀ အတွင်း အပြင်းထန်ဆုံးမိုးရာသီကို ဖြတ်သန်းနေရကြောင်း နိုဝင်ဘာ ၈ ရက် အီဂျစ်မှာ ကျင်းပတဲ့ COP27 ထိပ်သီးအစည်းအဝေးမှာ ပြောကြားပါတယ်။ 

လာမယ့်နှစ် ဧပြီလအထိ ဆက်ဖြစ်နေဦးမယ့် အလားအလာလည်း မြင့်မားကြောင်း သတိပေးပြောဆိုခဲ့ပါတယ်။ 

“အခုက အရေးပေါ်အခြေအနေ ရောက်နေပြီး အရင်းအမြစ်တွေကိုလည်း ခွဲဝေပေးထားပြီး ကြောင်းနဲ့ အရင်ဆုံး အစားအသောက်၊ နောက် ရေဘေးသင့် ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ရေဘေးသင့်ဒေသတွေကနေ ရွှေ့ပြောင်းရမယ့်နေရာတွေအတွက် အရေးပေါ် လိုအပ်ချက်တွေကို ဖြေရှင်းဖို့ရာ ကိုလံဘီယာ ပီဆို ၂.၁ ဘီလီယံ ထပ်ပေးဖို့လည်း ငွေလွှဲပေးထားကြောင်း” ကိုလံဘီယာသမ္မတက ပြောပါတယ်။ 

မုန်တိုင်းဒဏ်သင့်မြို့တွေမှာ နေထိုင်သူတွေကတော့ ကနူးလှေတွေကို အသုံးပြုခဲ့ကြပါတယ်။ 

15 mins Ago
Up