close

မြို့လှPDF

close

August 18, 2022

ကသာမှ စစ်သင်္ဘော ၆ စီး ထွက်ခွာလာသဖြင့် ဒေသခံများအား မြို့လှ PDF သတိပေး

စစ်ကောင်စီတပ်ရဲ့ လက်နက်နဲ့ ရိက္ခာတင် စစ်သင်္ဘော ၆ စီး ဩဂုတ် ၁၈ ရက် မနက် ၉ နာရီခွဲလောက်က ကသာမြို့ဆိပ်ကမ်းမှ စတင်ဆန်တက် ထွက်ခွာလာနေတာကြောင့် ဧရာဝတီမြစ်ရိုးတလျှောက်က ကျေးရွာဒေသခံတွေ သတိနဲ့ နေထိုင်သွားလာကြဖို့ မြို့လှ PDF က ထုတ်ပြန်ထားပါတယ်။

စစ်သင်္ဘောတွေကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်နိုင်ဖွယ် ရှိတာကြောင့် ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိကျေးရွာတွေ သတိနဲ့ နေထိုင်သွားလာကြဖို့ အသိပေး နှိုးဆော်ထားတာပါ။

အဆိုပါ ရိက္ခာတင်စစ်သင်္ဘော ၆ စီးကို ရဟတ်ယာဉ်၊ ဂျက်ဖိုက်တာတွေနဲ့ ဝေဟင်မှ လုံခြုံရေး ယူပေးပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာနေတယ်လို့ Kachin News group ရဲ့ ရေးသားဖော်ပြချက်အရ သိရပါတယ်။

ရဟတ်ယာဉ်တစီးဟာ မြစ်ကြောင်းတလျှောက် အနိမ့်ပိုင်းကနေ ဝဲပျံသန်းလိုက်ပါနေပြီး ဂျက်လေယာဉ်တစီးကလည်း မန္တလေးဘက်မှ တက်လာကာ မြစ်ကြောင်းတလျှောက် တက်လိုက်ဆင်းလိုက် လုပ်နေတယ်လို့ Kachin News group က ဖော်ပြပါတယ်။

အဆိုပါ စစ်သင်္ဘော ၆ စီးဟာ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်က မန္တလေးကနေ စစ်အင်အား အနည်းငယ်နဲ့ ရိက္ခာတင် ဆန်တက်လာတာလို့ ဆိုပါတယ်။

ဩဂုတ် ၁၁ ရက်က ကသာမြို့အဝင်မှာ KIA နဲ့ PDF တပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် သင်္ဘော ၆ စီးအနက် တစီး လက်နက်ကြီး အနည်းငယ် ထိမှန်ကာ ကသာဆိပ်ကမ်းမှာ ဆိုက်ကပ်ခဲ့ရတယ်လို့ Kachin News group ရဲ့ ရေးသားဖော်ပြချက်အရ သိရပါတယ်။

ဩဂုတ် ၁၂ ရက်နေ့က ရွှေကူမြို့နယ်၊ မိုးစစ်ရွာနဲ့ ရေလဲရွာကြားမှာ မြို့လှ KPDF တပ်ဖွဲ့နဲ့ ခလရ ၁၀၊ ခမရ ၄၁၅ ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အင်အား ၇၄ ‌ယောက်ခန့်ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရိက္ခာတင်စစ်သင်္ဘောကို လုံခြုံရေးယူဖို့အတွက် ရေလဲရွာမှ မိုးစစ်ရွာဘက်ကို ၂ ယောက်တတွဲ၊ ၃ ယောက်တတွဲ တပ်ဖြန့်လာစဉ်မှာ မြို့လှ KPDF နဲ့ အရန်အင်အား ပူးပေါင်းအဖွဲ့တို့က မိုးစစ်ရွာ သင်္ချိုင်းအဝင်နားမှာ မိုင်း ၄ လုံး၊ မိုင်တဲ မမ ရှေ့ထွက်မိုင်းတို့နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက်လောက် ဒဏ်ရာရရှိကာ အသေပျောက်လည်း ရှိခဲ့တယ်လို့ မြို့လှ PDF က ထုတ်ပြန်ထားပါတယ်။

4 mins Ago

April 7, 2022

ရွှေကူမြို့တွင် စစ်ကောင်စီ ရိက္ခာတင် စက်လှေနှစ်စီးကို မြို့လှ PDF ဖောက်ခွဲဖျက်ဆီး

ကချင်ပြည်နယ် ရွှေကူမြို့နယ်က ဆန်တက်လာတဲ့ စစ်ကောင်စီ ရိက္ခာတင် စက်လှေနှစ်စီး ဧပြီ ၇ ရက် မနက်ပိုင်းက ရေမြှုပ်မိုင်း ဖောက်ခွဲခံရတဲ့အတွက် နစ်မြုပ်သွားတယ်လို့ သိရပါတယ်။

ရွှေကူမြို့နယ် မြို့လှရွာဘက်ကို ဆန်တက်လာတဲ့ စစ်ကောင်စီ ရိက္ခာတင် စက်လှေနှစ်စီးကို ဗိုလ်မိုဃ်းကြိုး ဦးဆောင်တဲ့ မြို့လှ PDF တပ်က ကောက်ကွေ့ချောင်း တနေရာမှာ H-22 mm လက်လုပ် ရှေ့ထွက်မိုင်း ၅ လုံး၊ ရေမြုပ်မိုင်း ၁ လုံးနဲ့ ပစ်ခတ်ဖောက်ခွဲခဲ့တဲ့အတွက် ရိက္ခာတင်စက်လှေနှစ်စီး လုံးဝနစ်မြုပ်သွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း မြို့လှ PDF က ထုတ်ပြန်ထားပါတယ်။

ဒေသခံတဦးက "စက်လှေနှစ်စီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးလောက် ပါလာတယ်။ နေ့လယ် ၁၁ နာရီလောက်မှာ ပထမ လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ ပစ်ပြီးမှ ရေမြှုပ်မိုင်းဆွဲတာ၊ သင်္ဘောနှစ်စီး မြုပ်သွားတယ်။ သင်္ဘောကတော့ သိပ်မကြီးဘူး ရိက္ခာတင်သင်္ဘောပဲ။ စစ်ကောင်စီတပ်ကတော့ အထိအခိုက်ရှိနိုင်တယ်" လို့ ပြောပါတယ်။

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဧပြီ ၃ ရက်နေ့ကလည်း ကျောက်ကြီးကျေးရွာအနီး စစ်ကောင်စီ ရိက္ခာတင် စက်လှေလေးစီး ပစ်ခတ်ခံခဲ့ရပြီး တစီး နစ်မြုပ်ခဲ့ပါသေးတယ်။

4 months Ago
Up