close

မြို့သာမြို့

close

May 31, 2021

မြို့သာမြို့၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး ဓားထိုးခံရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့ အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ဟာ မေ ၃၁ ရက် နေ့လယ်ပိုင်းက ဓားနဲ့ ထိုးခံရပြီး သေဆုံးသွားပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ကို ရဲစခန်းရှေ့ ဘီယာဆိုင်မှာ အမည်မသိ လူတစ်စု က ဓားနဲ့ထိုးသွားတာဖြစ်ကာ ထိုးခံရတဲ့ ဓားဒဏ်ရာနဲ့ သေဆုံးခဲ့တာလို့ ဒေသခံတွေထံက သိရပါတယ်။

ဦးဝင်းနိုင်ဟာ အရင် စစ်တပ်က အာဏာမသိမ်းခင်က အုပ်ချုပ်ရေးမှူးဖြစ်တဲ့အပြင် အခုလက်ရှိ စစ်ကောင်စီကလည်း အုပ်ချုပ်ရေးမှူးအဖြစ် ဆက်လက်ခန့်ထားခံရသူ ဖြစ်ပါတယ်။

7 mins Ago

April 7, 2021

မြို့သာမြို့က အနီရောင်မိုးပျံပူပေါင်းသပိတ်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မြို့သာမြို့မှာ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ပြုတ်ကျရေးအတွက်  ဧပြီ ၇ ရက်နေ့က အနီရောင်မိုးပျံပူပေါင်းတွေကိုင်ဆောင်  ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြရာမှာ စစ်အာဏာရှင်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး၊ ဖမ်းဆီးခံထားရသူတွေ လွှတ်ပေးရေး စတာတွေကို ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြကာ မိုးပျံပူပေါင်းတွေ လွှတ်ခဲ့ကြပါတယ်။

ဒါ့အပြင် ငါန်းဇွန်မြို့နယ်ထဲက ဂျိုရွာမှာလည်း စစ်အာရှင်အလိုမရှိကြောင်း ကျေးရွာအတွင်း စုပေါင်းချီတက်ဆန္ဒပြခဲ့ကြပါသေးတယ်။

2 months Ago
Up