close

မြို့ ၆ မြို့

close

September 26, 2021

မြို့ ၆ မြို့ကို Stay at Home အစီအစဉ်မှ ပယ်ဖျက်

ကိုဗစ်ကြောင့် အိမ်မှာနေဖို့ သတ်မှတ်ထားတဲ့ မြို့တွေထဲက ၆ မြို့ကို Stay at Home အစီအစဉ်ကနေ ပယ်ဖျက်လိုက်ပြီလို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးက ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းထဲက ကလေး၊ စစ်ကိုင်းနဲ့ တမူးမြို့နယ်၊ ပဲခူးတိုင်းက ဖြူးနဲ့ ပဲခူးမြို့နယ်၊ ဧရာဝတီတိုင်းထဲက မြောင်းမြမြို့နယ်တို့ကို ဒီမနက်ကစလို့ အိမ်မှာနေရမဲ့ အစီအစဉ် ပယ်ဖျက်လိုက်တာပါ။

ဒီမြို့တွေဟာ ကိုဗစ်ရောဂါကာကွယ်ရေးစည်းကမ်းချက်တွေကို တိတိကျကျလိုက်နာလို့ လွန်ခဲ့တဲ့ ၁၄ ရက်က အတည်ပြုလူနာတွေ့နှုန်းနည်းလာတာဦ အစုလိုက် ကူးစက်တာနည်းလာတာ၊ ဆက်စပ်လူနာရှာဖွေတွေ့နှုန်း နည်းလာတာတွေကြောင့်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၁၇,၄၆၅ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၅၆,၆၂၀ ယောက် ရှိတယ်လို့ စစ်ကောင်စီကျန်းမာရေးက မနေ့က ထုတ်ပြန်ထားပါတယ်။

2 mins Ago
Up