close

မြေကမ္ဘာအလှမယ်

close

June 27, 2021

မြန်မာကိုယ်စားပြု မြေကမ္ဘာအလှမယ်အဖြစ် တောင်ကြီးကိုယ်စားပြုအလှမယ် သိမ့်ဇာခြည် ရွေး ချယ်ခံရ (ရုပ်သံ)

အခုနှစ်ရဲ့ မြန်မာနိုင်ငံကိုယ်စားပြု မြေကမ္ဘာအလှမယ် မြန်မာ-၂၀၂၁ (Miss Earth Myanmar 2021) အဖြစ် အလှမယ် သိမ့်ဇာခြည်ကို ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် အလှမယ်ဟာ တောင်ကြီးမြို့ ကိုယ်စားပြုအလှမယ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး စက်မှု​အင်ဂျင်နီယာဘွဲ့ B.E.(Mechanical) ရရှိထားသူ တယောက်လည်း ဖြစ်ကာ တခြားသော အလှမယ် Title ဆုတွေလည်း ရရှိထားသူ ဖြစ်ပါတယ်။

Miss Earth Myanmar 2021 ဆုရှင် အလှမယ် သိမ့်ဇာခြည်ဟာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ဖိလစ်ပိုင်နိုင်ငံမှာ နိုင်ငံတကာအလှမယ်တွေနဲ့ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က စတင်ကာ Miss Earth Myanmar အလှမယ်ပြိုင်ပွဲတွေကို ကျင်းပလာခဲ့တာဖြစ်ပြီး မြန်မာကိုယ်စားပြုအလှမယ်တွေအဖြစ် အိမွန်ခိုင်၊ အိမ့်မြတ်ခြယ်၊ နန်းခိုင်ရွှေဝါဝင်း၊ တင်စန္ဒာမျိုး၊ ချောရူပါသက်၊ မေသဒ္ဒါကို၊ အမရာရွှန်းလဲ့တို့ ရရှိခဲ့ကြပါတယ်။

2 mins Ago
Up