close

မြေကျင်း

close

February 12, 2023

တူရကီတွင် ငလျင်ကြောင့် သေဆုံးသူများကိုမြှုပ်ရန် မြေကျင်းများတူး

ဒါဇင်နဲ့ချီတဲ့ သင်္ချိုင်းမြေကျင်းတွေကို တူရကီ အရှေ့တောင်ပိုင်း ဂါဇီယ့တပ်ခရိုင်မှာ ဖေဖော်ဝါရီ ၁၁ ရက်က အသင့်တူးထားတာ တွေ့ရပါတယ်။

တူရကီနဲ့ ဆီးရီးယား တလွှား အားပြင်းတဲ့ ငလျင်တွေကြောင့် သေဆုံးခဲ့သူ အယောက် ၂သောင်း ၈ ထောင်ကျော် သေဆုံးခဲ့လို့ သေဆုံးသူတွေအတွက် အသင့်တူးထားတာ ဖြစ်ပါတယ်။

တူရကီမှာ ကျန်ခဲ့တဲ့ ၂၄ နာရီအတွင်း အပျက်အစီးပုံထဲကနေ လူ ၆၇ ယောက်ကို အသက်ရှင်လျက်သား တူးဖော်နိုင်ခဲ့တယ်လို့ တူရကီ ဒုသမ္မတက သတင်းထောက်တွေကို ပြောပါတယ်။

ငလျင်သင့်ဒေသတလွှား ကယ်ဆယ်ရေးသမား အယောက် ၃၁၀၀၀ လောက်ကို ကြိုးစား ကယ်ထုတ်နေကြပါတယ်။

ဆေးရုံတွေမှာ လူ ၈ သောင်းလောက်ကို ဆေးကုပေးနေရပြီး လူ ၁.၀၅ သန်းကတော့ ငလျင်တွေကြောင့် အိုးအိမ်မဲ့ဖြစ်ခဲ့ပြီး ယာယီ အမိုးအကာတွေထဲမှာ နေရတယ်လို့ ဒုသမ္မတက ဆက်ပြောပါတယ်။

တူရကီတောင်ပိုင်းမှာ ဖေဖော်ဝါရီ ဆယ်ရက်က ဒရုန်းယာဉ်နဲ့ ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာ ဟာတေပြည်နယ် တေပေဟန်ရွာထဲက သံလွင်ပင်စိုက်ခင်းတလွှား ငလျင်ကြောင့် ဖြစ်တဲ့ မြေလွှာ အက်ကြောင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း တွေ့ရပါတယ်။

ဖေဖော်ဝါရီ ၆ ရက်က တူရကီနဲ့ ဆီးရီးယား နိုင်ငံတွေတလွှားမှာ အင်အား ရစ်ချတ်တာ စကေး ၇.၈ ရှိတဲ့ ငလျင်လှုပ်အပြီး နောက်ထပ် အင်အားပြင်း မြေပြင် တုန်ခါမှုတွေကြောင့် နှစ်တရာအတွင်း သတ္တမမြောက် လူအသေအပျောက် အများဆုံး ကပ်ဘေးဆိုက်ခဲ့ပါတယ်။

10 mins Ago

October 5, 2022

မုံရွာ-အမြင့်လမ်းပိုင်းတွင် စစ်ကောင်စီတပ်က မြေကျင်းများတူးနေ

စစ်ကိုင်းတိုင်း၊  မုံရွာ-အမြင့်လမ်းပိုင်းမှာ  စစ်ကောင်စီတပ်က အောက်တိုဘာ ၄ ရက် နေ့လယ် ၂ နာရီလောက်က ချိုင့်ကျင်းတွေတူးနေတယ်လို့ မုံရွာဒေသခံတွေက ပြောပါတယ်။

အဲဒီလမ်းဟာ မုံရွာမြို့ ညောင်ပင်ဇောက်ရပ်ကွတ်ကနေ ညောင်ဖြူပင်၊ အမြင့်၊ အမြင့်ကနေ ချောင်းဦး၊ ရေစကြိုသွား လမ်းပိုင်းတခုဖြစ်ပြီး ဘာကြောင့် မြေကျင်းတွေတူးနေတယ် ဆိုတာကိုတော့ သေသေချာချာ မသိရသေးပါဘူး။

မုံရွာမြို့နယ် ညောင်ပင်ဇောက်ရပ်ကွပ်နေသူတဦးက  “လာတာကတော့ ဘူဒိုဇာတစီးရယ်၊ စစ်ကားကြီးတစီး၊ အိမ်စီးကားတစီးနဲ့ လာပြီးတူးသွားတာ။ စစ်သားအယောက် ၃၀ လောက်လည်းပါတယ်။ ဘာကြောင့်တူးတာလဲဆိုတော့  ကျနော်တို့အမြင်ကတော့ လမ်းပိုင်းပြင်ဖို့ရာ ဟန်ရေးပြတာ ဖြစ်နိုင်တယ်။ တခြား နိုင်ငံရေးအမြင်၊ စစ်ရေးအမြင်ကတော့ ကျနော်တို့က နားမလည်ဘူး” လို့ ပြောပါတယ်။

အဆိုပါ မုံရွာ-အမြင့်လမ်းဟာ မုံရွာတောင်နယ်နဲ့ ချောင်းဦးမြို့နယ်အတွက် အဓိက အရေးကြီးတဲ့ လမ်းပိုင်းဖြစ်ပြီး မုံရွာမြို့ကို ကုန်စိမ်း၊ ဘုရားပန်းတွေနဲ့ ဒေသတွင်း ထွက်ကုန်တွေ နေ့စဉ်လာရောက်ရောင်းချဖို့ ဒေသခံတွေ အားထားအသုံးပြုနေရတဲ့ လမ်းပိုင်းဖြစ်တယ်လို့လည်း သိရပါတယ်။

မုံရွာမြို့က နိုင်ငံရေးသမား ကိုစိုးဝင်းဆွေကတော့ “ဒီလမ်းပိုင်းကို ချိုင့်ကျင်း စစ်ကောင်စီက အခုလိုတူးရတာက မုံရွာ-အမြင့် ကျေးလက်လမ်းပိုင်းဟာ မုံရွာတောင်အဝင် မအူစစ်ဆေးရေး ဂိတ်ကို ရှောင်ကွင်းနိုင်တဲ့လမ်း‌‌ဖြစ်နေတာ၊ စစ်ရေးအရှိန်မြင့်တက်လာနေတဲ့ မုံရွာတောင်နယ်ဒေသ ကျေးရွာတွေကို ထိန်းချုပ်ပြီး နယ်မြေရှင်းလင်းရေး လုပ်လိုတာ၊ ပထဝီအရ ဒေသခံ တော်လှန်အင်အားစုများရဲ့ အားသာမှုကို ချေဖျက်လိုတာ စတဲ့အကြောင်းရင်းတွေကြောင့် ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက လမ်းပိုင်းကိုဖျက်ဆီးပြီး ကျင်းတူးသွားတာဟာ အကျယ် ၇ ပေနဲ့ အနက် ၄ ပေခန့်ရှိပြီး အခုလို စစ်ကောင်စီက ဖျက်ဆီးသွားတာကြောင့် ဒေသခံပြည်သူတွေ သွားလာ‌ေရး အဆင်မပြေတာကြောင့် ညပိုင်းမှာ ဒေသခံပြည်သူတွေနဲ့ PDF တပ်ဖွဲ့တွေ ပူးပေါင်းကာ အဆိုပါကျင်းတွေကို မြေပြန်ဖို့ပြီး သွားလာလို့ရအောင် ပြန်ပြုပြင်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်က အခု မုံရွာ-ချောင်းဦး-မြင်းမူလမ်းပိုင်း၊ ချောင်းဦး-ဆင်ဖြူရှင် တံတားလမ်းပိုင်း၊ ချောင်းဦး-အမြင့်လမ်းပိုင်း၊ မုံရွာ-အမြင့်လမ်းပိုင်း၊ တဖက်က ချင်းတွင်းမြစ် အနောက်ဘက် ဆားလင်းကြီးနယ်ကို ပိတ်ဆို့ကာ စစ်ကြောင်းထိုးနေပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရင် စစ်ဘေးရှောင်နိုင်ဖို့ အခက်အခဲ ရှိလာမှာကို ကြောက်ရွံ့နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

4 months Ago
Up